အုတ်ဖိုမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ခုခံတိုက်ခိုက်မှု ၃၄ နာရီခန့်ကြာမြင့်ခဲ့ပြီး အပြင်းအထန် တိုက်ပွဲ ၄ ကြိမ်ဖြစ်ကာ စစ်သား ၇ ဦးထက်မနည်းသေဆုံး

အုတ်ဖိုမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ခုခံတိုက်ခိုက်မှု ၃၄ နာရီခန့်ကြာမြင့်ခဲ့ပြီး အပြင်းအထန် တိုက်ပွဲ ၄ ကြိမ်ဖြစ်ကာ စစ်သား ၇ ဦးထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၄

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခုခံတိုက်ခိုက် ခဲ့ရာ ၃၄ နာရီခန့် ကြာမြင့်ခဲ့ပြီး အပြင်းအထန် တိုက်ပွဲ ၄ ကြိမ်ဖြစ်ကာ စစ်သား ၇ ဦးထက်မနည်းသေ ဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပကဖ ထံမှ သိရသည်။

စက်တင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီ ၃၅ အချိန်မှစ၍ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာသို့ စစ် ကြောင်း ထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၁ ရက် ည ၉ နာရီအထိ တိုက်ပွဲကြာမြင့်ခဲ့ပြီး အပြင်းအထန် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးပြီး အများပြား ဒဏ်ရာ ရရှိကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင်ပကဖ အမှတ် ၁ တိုက်ခိုက်ရေးတပ်ရင်း တပ်ခွဲ ၃ ၊ သာယာ ဝတီ ခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့(Tharyarwaddy District UAV Force) ၊ ဇီးကုန်းမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့(ပကဖ) ၊ သာယာဝတီခရိုင်အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ ကြို့ပင်ကောက်Hero ပြောက် ကျား တပ်ဖွဲ့၊ သာယာဝတီခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၄ အုတ်ဖို မြေအောက် ပြောက်ကျား တပ်ဖွဲ့ (UGF-Okpo) ၊ တပ်ခွဲ ၆- Black Dragon GBK တပ်ဖွဲ့ နှင့် သာယာဝတီခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၅ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်မှ တပ်သားများနှင့် ခရီးအတူသွားလာခြင်း၊ အတူတ ကွ နေထိုင်ခြင်းမပြု ကြပါရန်နှင့် သတင်းပေးခြင်း၊ အတူတကွသွားလာနေထိုင်ခြင်းများပြုလုပ်ပါက တိုက်ခိုက်ရှင်းလင်း သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတက်ရန် လပခ အတွင်းသို့ မင်းအောင်လှိုင်ရောက်ရှိနေစဉ် ရှော့ တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတက်ရန် လပခ အတွင်းသို့ မင်းအောင်လှိုင်ရောက်ရှိနေစဉ် ရှော့ တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၄ မန္တလေးမြို့ တက္ကသိုလ် ရာပြည့်ပွဲတက်ရန် အလယ်ပိုင်းစစ်ဌာနချုပ် -လပခ အတွင်းသို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေစဉ် ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Warriors for Myanmar...