လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းကြေးကောက်ပြီး ထွက်လာသော စစ်ကြောင်းကို စောင့်ကြို တိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိ

လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းကြေးကောက်ပြီး ထွက်လာသော စစ်ကြောင်းကို စောင့်ကြို တိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းကြေးကောက်ပြီး ထွက်လာသော စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က လက်ပံတန်းမြိုနယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြို ကြီးရွာ၌ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာကြသည့် အင်အား ၂၀ ကျော်ပါ စစ်သား၊ ရဲ ပူးပေါင်း စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ ရဲဘော်များမှ သဲကောဆည် လမ်း ဆုံ၌ စောင့်ကြို၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်​။

ထိုသို စောင့်ကြိုတိုက်ခိုက်မှုအတွင်း လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ပွဲ  မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား၊ ရဲ ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရှိ၍ ဖရိုဖရဲဖြင့် ထွက်ပြေးသွားကြောာင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား၊ ရဲ ၂ ဦး၏ ရုပ်အလောင်းများနှင့်အတူ G3 အမျိုး အစား သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကာဘိုင်ကျည် ၄၂ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဓား ၁ ချောင်း၊ ဘတ်တံဆိပ် ၂ ခု၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၅၂၈၀၀၀ ကျပ် နှင့် မှတ်ပုံတင်ကတ် ၁ ခု တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်​။

လက်ရှိတွင် အထိနာသွားသည့် အကြမ်းဖက်စစ်တပ်ဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ ကြောင်း၊ ထို့ကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် ၄င်း တို့ အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် နှင့် သတိထားနေနိုင်ပေးကြပါရန် သာယာဝတီခ ရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂  က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတက်ရန် လပခ အတွင်းသို့ မင်းအောင်လှိုင်ရောက်ရှိနေစဉ် ရှော့ တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတက်ရန် လပခ အတွင်းသို့ မင်းအောင်လှိုင်ရောက်ရှိနေစဉ် ရှော့ တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၄ မန္တလေးမြို့ တက္ကသိုလ် ရာပြည့်ပွဲတက်ရန် အလယ်ပိုင်းစစ်ဌာနချုပ် -လပခ အတွင်းသို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေစဉ် ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Warriors for Myanmar...