သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၇
ပဲခူးတိုင်း၊ ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် မီးရှို့ပြီး ပြန်လာသော စစ်သားများကိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် သည်။
စက်တင်ဘာလ ၂၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ် သဲကုန်းမြို့နယ် ၊ သစ်နီတောအုပ်စု ၊ ပန်းပင်ကုန်း ကျေးရွာ အောင်စည်သာကွက်သစ်သို့ မီးရှို့ပြီး ပြန် ထွက်လာသော အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ ဝင် ဆိုင်ကယ် ၁၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် သား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သားအလောင်းများနှင့် ဒဏ်ရာရရှိသူများကို သဲကုန်းမြို့ဘက်မှ ကားဖြင့် လာရောက်သယ်ဆောင်သွားပြီး ရွှေတောင်မြို့ ကုတင် ၁၀၀ ဆေး ရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှု့အောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၅ မှရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်ရေးအရိန်မြှင်တင်လာပြီဖြစ်ပါသောကြောင့် မိဘပြည် သူများ အနေဖြင့်အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်း၊ စစ်ဆေးရေးဂိတ်စခန်း များကို ရှောင်ကွင်း သွားလာကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။
Thanlwin Myanmar Media