သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၄
ပဲခူးတိုင်း၊ ပြည်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အထက ၄ ကျောင်းအနီးရှိ မီးသတ်တပ်ဖွဲ့စခန်းတွင် အ သက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦးကို ဖုန်းခိုးသည်ဟုစွပ်စွဲကာ စစ်တပ်လက်အောက်ခံ ရာအိမ် မှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်သတ်ခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
စက်တင်ဘာလ ၂၀ ရက် မွန်းတည့် ၁၂ နာရီခန့်က ပြည်မြို့၌ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အ.ထ.က ၄ ကျောင်း နှင့် ရွာဘဲနယ်မြေအုပ်ချုပ်ရေးမှုးရုံးအကြား၌ တည်ရှိသည့် တပ်စု ၁၆ အရန်မီး သတ်တပ်ဖွဲ့ စခန်းတွင် အသက် ၁၂ နှစ်အရွယ်ခန့်ရှိ ကလေးငယ်တစ်ဦးကို ဖုန်းခိုးသည်ဟု စွပ်စွဲဖမ်းဆီးကာ စစ် တပ်လက်အောက်ခံ ရာအိမ်မှူး နိုင်ကြီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ရာ ကလေးငယ်မှာ မေ့မျောသွားကြောင်း၊ ညပိုင်းတွင် ပြည်မြို့ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း အချိန်မီကုသခွင့်မရသော ကြောင့် ကလေးငယ်မှာ စက်တင်ဘာလ ၂၁ ရက် နံနက်အစောပိုင်းတွင် သေဆုံးသွားကြောင်း သိရ သည်။
“အသက် ၁၂ နှစ်ခန့် အရွယ် ယောင်္ကျားလေး ကလေးငယ်တစ်ဦးကို မီးသတ်တပ်စုမှူးနဲ့ မီးသတ်ရဲ ဘော်တွေက ကေဘယ် ဝါယာကြိုး အမာ၊ ရာဘာလက်ကိုင်တုတ်၊ လူသေစေနိုင်တဲ့ အခြားလက်နက် တွေနဲ့ ဝိုင်းဝန်းရိုက်သတ်ဖြတ်ခဲ့ကြပါတယ်။ လူမမယ်ကလေးငယ်သေးဆုံးသွားပြီးတော့ သန္ဓေပင် သင်္ချိုင်း အဟောင်းအနီးကို ကားနဲ့ သယ်သွားပြီး ကလေးငယ်အလောင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားမှု ဖြစ်ပွားခဲ့တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
ရာအိမ်မှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၏ ရိုက်နှက်သတ်ဖြတ်ခံရသည့်ကလေးငယ်မှာ ပြည်မြို့၊ သန္ဓေ ပင်ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး မိခင်၊ ဖခင်တို့ မရှိပဲ အမဖြစ်သူနှင့်သာနေထိုင်သူဖြစ်ကြောင်း၊ က လေးငယ်ကို ဖုန်းခိုးသည်ဟု စွပ်စွဲသတ်ဖြတ်ခဲ့သော်လည်း ကလေးငယ်မှာ ခိုးယူတတ်တတ်သည့် အ လေ့ အကျင့်မရှိကြောင်း သိရသည်။
ကလေးငယ်သေဆုံးမှုနှင့် ပတ်သက်၍ မီးသတ်တပ်စုမှူး ရာအိမ်မှူး နိုင်ကြီး အပါအဝင် မီးသတ်တပ် ဖွဲ့ဝင် ၁၂ ဦးခန့်ကို ပြည်မြို့အမှတ် ၂ ရဲစခန်းက ဖမ်းဆီးထားကြောင်း သိရသည်။
Thanlwin Myanmar Media