Bago News

Bago News

နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းမှ ဆိုင်ကယ်ဖြင့်ကင်းပတ်ထွက်လာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၁၆

 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းပတ်ထွက်လာသော ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း နတ်တလင်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix-D-F ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၄ ရက် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်က နတ်တလင်းမြို့နယ်၊ တောင်ညိုကွက်သစ် ရဲစခန်းမှ ကင်းပတ်ရန်ထွက်လာ သော ဒုရဲအုပ်ဖြိုးဝလင်းနှင့်အခြားအဆင့် ရခ (၈) ဦး ဆိုင်ကယ် (၅) စီး စုစုပေါင်း (၉) ဦးကို အောင်ရတနာရပ်ကွက်တွင်း အရောက် အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ရခ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးကာ ၂ ဦးမှာ ပြည်ဆေးရုံတွင် ခွဲစိတ် ကုသမှုခံယူနေရကြောင်း သိရသည်။

Photo – ပုံဟောင်း

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို သာယာဝတီ ခရိုင် တပ်ရင်း -၃၈၀၁ ၊ တပ်ခွဲ ၂ – နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix-D-F ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်သား၊ ရဲ နှင့် ပျူ အင်အား ၁၀ဝ သည့် ရပ်ကွက် အတွင်းဝင်ရောက်လာပြီး  အပြစ်မဲ့ ပြည်သူ ၆ ဦးကို အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း၊ ယခုအခါ ပြည်သူ ၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ကျန် ၃ ဦးကို ပြန်လွှတ်ပေးခြင်းမရှိသေး ကြောင်း သိရသည်။

 

ပဲခူးတိုင်း သာယာဝတီခရိုင် အမှတ်(၁) တပ်ရင်း-၃၈ဝ၁ တပ်ခွဲ ၂ –  Phoenix D Fအနေဖြင့် စစ်အာ ဏာရှင် စနစ်အပြီး တိုင်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ထွန်းလာသည် အထိ ရည်ရွယ်ကာ အကြမ်းဖက်စစ်အာဏာရှင်စစ်တပ်နှင့် လက်ပါးစေ ဒေါက်တိုင်မှန်သမျှကို ဆက်လက် တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် တပ်ကြပ်ကြီး အောင်မျိုး ကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် စစ်ကောင် စီတပ်မှ တပ်ကြပ်ကြီး အောင်မျိုးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖထံမှ သိရ သည်။...