သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၄
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့နှင့်အုတ်ဖိုမြို့တို့တွင် အကြမ်းဖက်စစ်တပ်က လက်ဖက် ရည်ဆိုင် အတွင်း အထိဝင်ရောက်ပြီး ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသ သတင်းရင်းမြစ်များ ထံက သိရသည်။
သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ရန်ကုန်-ပြည် ကားလမ်းပေါ်ရှိ “Shwe Maung” လက်ဖက်ရည် ဆိုင်တွင် လက်ဖက်ရည် သောက်နေသူများကို အကြမ်းဖက်စစ်တပ်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း၊ ထို့သို့ ဖမ်းဆီးခံရမှုကြောင့် လူငယ် ၃ ဦး ပါသွားပြီး သုံး ဆယ်ရဲစခန်းအတွင်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
Photo -ပုံဟောင်း
ဖမ်းဆီးခံရသူလူငယ် ၃ ဦးကို သာယာဝတီမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အပေါင်းပါများက မင်းလှမြို့ နယ်အုပ်ချုပ်ရေးအဖွဲ့ထံသို့ တစ်ဦးလျှင်ငွေကျပ် သိန်း ၇၀ ဖြင့် ရောင်းစားလိုက်ကြောင်း သိရသည်။
“လက်ဖက်ရည်ဆိုင်ထဲကို စစ်တပ်နဲ့ထွေအုပ်ဝန်ထမ်းတွေ အတင်းအကြပ်ဝင်လာပြီး ပေါ်တာဆွဲလို့ ဆိုင်ထဲမှာ ထိုင်နေတဲ့ လူငယ် ၃ ယောက်ဖမ်းခံရတယ်။ ကြားရသလောက်တော့ အဲ့လူငယ်တွေကို သုံးဆယ်ရဲစခန်းမှာ ဖမ်းထားပြီး သာယာဝတီထွေအုပ်က မင်းလှထွေအုပ်ဆီ သိန်း ၇၀ နဲ့ ရောင်းစား ထားတယ်တဲ့။ လူငယ်တွေကို ပြောချင်တာတော့ စစ်သားရဲနဲ့ ထွေအုပ်ဝန်ထမ်းတွေကိုမြင်ရင် ပေါ် တာဆွဲမခံရအောင် ဝေးဝေးကရှောင်ကြဖို့ အကြံပြုပါတယ်”ဟု သုံးဆယ်မြို့နေ ပြည်သူတစ်ဦးက ပြောကြားသည်။
အလားတူ စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာကို လာသည့် ထန်းပင်ကုန်းရွာမှ လူငယ် ၁ ဦးကို အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးကာ မိသား စုထံမှ ငွေကျပ် သိန်းဖြင့် ရွေးယူသဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းရွာနေ ကိုဟိန်းဇင်မောင်ကို အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကာ ငွေကျပ်သိန်း ၂၀ ပေးပါက ပြန်လွှတ်ပေးမည်ဟု ပြောသဖြင့် မိသားစုက ရှိသမျှပစ္စည်းထုခွဲရောင်းချကာ ငွေကျပ်သိန်း ၂၀ ပေးလိုက်သော်လည်း ယခု အခါ ငွေကျပ်သိန်း ၂၀၀ ပေးရန် ထပ်မံတောင်းဆိုသဖြင့် မိသားစုမှာ ဒုက္ခရောက်လျက်ရှိကြောင်း သိရသည်။
Thanlwin Myanmar Media