ပေါင်းတလည်မြို့၊ အထကကျောင်းရှေ့ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ပေါင်းတလည်မြို့၊ အထကကျောင်းရှေ့ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၃

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပေါင်းတလည်မြို့ပေါ်ရှိ အထက ကျောင်းရှေ့၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF- ၃၆၀၁ တပ်ရင်းက ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၆ ရက် ည ၇ နာရီ ၁၅ မိနစ်က ပေါက်ခေါင်းမြို့နယ် ၊ပေါင်းတလည်မြို့ အ ထ က ကျောင်းရှေ့ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၃ မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦး နေရာပင်ပွဲချင်းပြီး သေဆုံးပြီး အကြမ်းဖက် စစ် ကောင်စီတပ်သားများဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်သော်လည်း ပြည့် သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ အထိခိုက်အန္တရာယ်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်သည် ပြည်သူများအပေါ် ရိုင်းပြစွာ ဆက်ဆံခြင်း ၊ လူငယ် လူရွယ်များကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ဈေးဝယ်ပြီး ပြန်လာသည့် ပြည်သူများ၏ ကုန်ပစ္စည်းများကို အတင်းအဓမ္မလုယက်ခြင်း၊ ဖျက်ဆီးခြင်းတို့ လုပ်ဆောင်နေသည့် စစ်ရေးဂိတ်တစ် ခုဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော စစ်သားအလောင်းများကို ည ၁၀ နာရီအချိန်တွင် ပြည်မြို့ ဘက်သို့ ကားဖြင့် သယ်ဆောင်သွားကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF – ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားသည်။၏

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။ အောက်တိုဘာလ ၄ ရက် ညနေ...