မင်းလှမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ထွက်လာသော ရဲများကို မိုင်းဆွဲတိုက်ခိုက်

မင်းလှမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ထွက်လာသော ရဲများကို မိုင်းဆွဲတိုက်ခိုက်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၄

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်၊ မြိုမရဲစခန်းမှ ကင်းလှည့်ရန် ထွက်ခွာလာသည့် ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၃ ရက် ည ၈ နာရီ ၅၀ မိနစ်က မင်းလှမြို့မရဲစခန်းမှ ကင်းလှည့်ထွက်လာ သည့် ဆိုင်ကယ်ယာဉ်တန်းကို တိုင်တရာဗလီနှင့် ဝေဠုဝန်ဘုန်းကြီးကျောင်းကြားက ရေကန်ဘေးရှိ လမ်းမပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို နှင့် မင်းလှမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ ရဲဘော်များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

သာယာဝတီခရိုင် တပ်ဖွဲ့များအနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြ သည့် မြို့ပေါ်ရှိ စခ၊ ရခ၊ ပျူနှင့် အုပ်ချုပ်ရေးထောက်တိုင်များအား ပြင်းပြင်းထန်ထန် တိုက်ခိုက်သွား မည် ဖြစ်၍ မိဘပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ် ကြရန် အသိပေးထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီးဝင်ရောက်လာသော စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီးဝင်ရောက်လာသော စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၄ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း - မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီး ဝင်ရောက်လာ သော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနက...