သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၃
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောထီးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဆံ၊ ကျည်ဘောက်နှင့်ဖုန်း ၂ လုံး သိမ်း ဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၁၂ ရက် ည ၁၀ နာရီခန့်က နတ်တလင်းမြို့နယ် ပန်းတင်းပင်ရွာ ပျူစော ထီး ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိတ်ရှိ ပျူစောထီးများ ကျေးရွာအတွင်းသို့ ထွက်ပြေးသွားပြီး ကျေးရွာနေပြည်သူများထိခိုက်မည်စိုးရိမ်သော ကြောင့် လိုက်လံပစ်ခတ်ခြင်းမပြုပဲ ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုကြောင့် ဂိတ်အတွင်းရှာဖွေရာ ပျူစောထီးများ အသုံးပြုသော ကာဘိုင်ကျည်ဘောက် ၁ ဘောက်၊ ကာဘိုင်ကျည် ၈၅ တောင့်နှင့် ဖုန်း ၂ လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပဲခူးတိုင်းစစ်ဌာန၊ အမှတ် ၂၂ ဗျူဟာ၊ သာယာဝတီခရိုင် တပ်ရင်း ၁ ရဲဘော် များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media