သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၈
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကန်သာယာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းသိန်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံ မှ သိရသည်။
စက်တင်ဘာလ ၆ ရက် ည ၇ နာရီ ၃၀ မိနစ်က အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာနေ ကန်သာယာ အုပ်စု အုပ်ချုပ်ရေးမှူး ထွန်းသိန်း နှင့် ပျူခေါင်းဆောင် လှရွှေတို့သည် ပျူခေါင်းဆောင် လှရွှေ၏ အိမ်ရှေ့၌ စကားပြောနေကြစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက် ကျားအဖွဲ့ ရဲဘော်များက ရှောင်တခင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူး ထွန်းသိန်း အား အသေပစ်ခတ် ရှင်းလင်းနိုင်ခဲ့သော်လည်း ပျူခေါင်းဆောင် လှရွှေမှာ ထွက်ပြေးလွတ်မြောက်သွားပြီး အုပ်ချုပ်ရေးမှူး ထွန်းသိန်း၏ နေအိမ်မှ စစ်မှုထမ်းစာရွက်များနှင့် အခြားစာရွက်စာတမ်းများကို မီးရှိရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး ထွန်းသိန်း သည် အကြမ်းဖက်စစ်တပ်၏ အမာခံထောက်တိုင်ဖြစ်သလို ပြည်သူလူထု အား ဖိနှိပ်ရန် ပျူခေါင်းဆောင်များအား အမိန့်ပေးခြင်း၊ အကြမ်းဖက်စစ်တပ်မှ ပြုလုပ်မည့် တရား မဝင်ရွေးကောက်ပွဲ၌ ပျူစောထီးအဖွဲများ လုံခြုံရေးယူကြရန် ဖိအားပေးပြောဆိုခြင်း၊ တောင်သူများ အား စိုက်ပျိုးစရိတ်ချေးငွေများ အတင်းအကြပ်ဆပ်ခိုင်းပြီး မဆပ်ပါက စစ်တပ်ခေါ်ဖမ်းမည်ဟု ခြိမ်း ခြောက်ခြင်း၊ စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံ ခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် အရေးယူရခြင်းဖြစ်ကြောင်း အသိပေးထားသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက်စစ်အုပ်စုအပြင် ၎င်းတို့၏ ထောက်တိုင်များကိုလည်း တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြ ရန် အသိပေးထုတ်ပြန်ထားသည်။
Thanlwin Myanmar Media