သဲကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းထိုးရာတွင် ကူညီပေးခဲ့သော လင်မယားနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

သဲကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းထိုးရာတွင် ကူညီပေးခဲ့သော လင်မယားနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၆

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာ၌ ကူညီပေးခဲ့သော လင်းမယားနှစ်ဦးကို ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားကြောင်း ပြည်ခရိုင် ပကဖ က ထုတ်ပြန်သည်။

စက်တင်ဘာလ ၃ ရက် ညနေ ၆ နာရီခန့်က သဲကုန်းမြို့နယ်၊ ရုံးပင်တက်ကျေးရွာနေ မိုးဆွေနှင့် ချော ကြီးတို့ လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့အား ကူညီဆောင်ရွက်ခြင်းမပြုရန် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်လာစဉ် ခုခံတိုက်ခိုက်ပြီး ထွက်ပြေးရန်ကြိုးစားသဖြင့် ပစ် ခတ်ရှင်းလင်းရာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော လင်မယားနှစ်ဦးသည် စစ်ကြောင်းများအား အထောက်အပံ့ပြုခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များ ၏ တည်နေရာများကို သတင်းပေးခြင်း၊ မိုင်းကွင်းထောင်သည့် နေရာများကို လိုက်လံ ပြသခြင်း စသည်တို့ကို ဆောင်ရွက်နေသောကြောင့် ထိုသို့ မပြုလုပ်ရန် အကြိမ်ကြိမ်သတိပေးထား သော်လည်း လိုက်နာခြင်းမရှိသောကြောင့် ပြောဆိုဆုံးမရန် ဖမ်းဆီးရခြင်းဖြစ်ကြောင်း အသိပေးထား သည်။

၎င်းတို့လင်မယားနှစ်ဦးလမ်းပြမှုဖြင့် သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ် က တစ်လအတွင်း စစ်ကြောင်း ၃ ကြိမ်ထိုး ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ် ခတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ တန်ဘိုးရှိပစ္စည်း များအား မတရား သိမ်းဆည်းယူ ဆောင်ခြင်း၊ စစ်မှုထမ်း ဥပဒေဖြင့် ဖမ်းဆီးခေါ်ဆောင်ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက် ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိရာ တိုက်ပွဲ များပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အာဏာရှင် လူတစ်စုအတွက် ပြည်သူလူထုအား တိုက်လေယာဥ်၊ ပါရာမိုတာ တို့ဖြင့် ဗုံးကြဲခြင်း၊ စစ်ကြောင်းထိုးကာ ရွာများကို မီးရှို့ခြင်း၊ မတရား ဖမ်းဆီးသတ်ဖြတ် ခြင်း၊ ပြည်သူလူထု ၏ ဥစ္စာပစ္စည်းများကို အဓမ္မသိမ်းယူခြင်းတို့ကို ပိုမိုလုပ်ဆောင်လျက်ရှိသော ကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများနှင့် ကင်းကင်းရှင်းရှင်း နေထိုင်ကြပါရန် ပြည်ခရိုင် ပကဖ က ထုတ်ပြန်ထားသည် ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချောက်မြို့ ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်သား ၃၅ ဦးသေဆုံး

ချောက်မြို့ ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်သား ၃၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ မကွေးတိုင်း၊ ချောက်မြို့၊ ခလရ ၁၃ နှင့် စလေမြို့ရှိ ခမရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးထံမှ သိရသည်။...