ညောင်လေးပင်-ရွှေကျင်ကားလမ်းပေါ်တွင် ပေါ်တာဆွဲ၊ ဆက်ကြေးကောက်နေသော စစ်တပ်ဂိတ် စခန်းကို တိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိ

ညောင်လေးပင်-ရွှေကျင်ကားလမ်းပေါ်တွင် ပေါ်တာဆွဲ၊ ဆက်ကြေးကောက်နေသော စစ်တပ်ဂိတ် စခန်းကို တိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၅

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင် -ရွှေကျင်ကားလမ်းပေါ်တွင် ပြည်သူများကို ပေါ် တာဆွဲ၊ ဆက်ကြေးတောင်းခံနေသည့် အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက် ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၂ စစ်ဒေသက ထုတ်ပြန်သည်။

ယနေ့စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းက ပဲခူးတိုင်း၊ ‌‌‌‌‌ညောင်လေးပင် – ရွှေကျင်ကားလမ်း‌ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေး နယ်‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၆ ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၇၀၃ တပ်ရင်းမှ ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး နေရာတွင် ‌ေ သဆုံးခဲ့ပြီး လက် နက် ငယ် (၂) လက်နှင့် ခဲယမ်းများကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်‌‌ကောင်စီ ဂိတ်စခန်းသည် ညောင်လေးပင် -ရွှေကျင်ကားလမ်းမကို အသုံးပြု ဖြတ်သန်းသွားလာ‌နေသည့် ကားများကို ဆက်ကြေးတောင်းခံခြင်း၊ ပြည်သူများကို ပေါ်တာဆွဲ၊ ငွေ ညှစ် တောင်းခံခြင်းများကို အဓိကပြုလုပ်နေသည့် ဂိတ်စခန်းတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်တပ်ထံပေးပို့နေသူ ပျူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်တပ်ထံပေးပို့နေသူ ပျူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၅ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်တပ် ထံပေးပို့နေသူ ပျူမျိုးမင်းသူကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြော်ငး သာယာဝတီခရိုင်တပ် ရင်း ၃၈၀၂ ထံမှ သိရသည်။ ဩဂုတ်လ ၂၇ ရက် နံနက် ၇ နာရီခန့်က အုတ်ဖိုမြို့နယ်၊...