အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမပေါ်သို့ ဆိုင်ကယ်များဖြင့် တက်လာသော ပျူအဖွဲ့ကို တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး ဆိုင်ကယ် ၁ စီးသိမ်းဆည်းရရှိ

အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမပေါ်သို့ ဆိုင်ကယ်များဖြင့် တက်လာသော ပျူအဖွဲ့ကို တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး ဆိုင်ကယ် ၁ စီးသိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမပေါ်သို့ ဆိုင်ကယ်များဖြင့် တက်လာသော ပျူအ ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးပြီး ဆိုင်ကယ် ၁ စီးသိမ်းဆည်းရရှိခဲ့ကြောင်း မြေအောက်ပြောက် ကျားတပ်ဖွဲ့ -အုတ်ဖိုက ထုတ်ပြန်သည်။

စက်တင်ဘာလ ၃ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က အုတ်ဖိုမြိုနယ်အပိုင် ပဲခူးရိုးမပေါ်သို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရန် ရှေ့ပြေးတက်လာသော အေးမြသာယာမြို့ ပျူခေါင်းဆောင် ဝန ဦး ဆောင်သည့် ဆိုင်ကယ် ၅ စီးပါ ယာဥ်တန်းကို စဥ့်ကူးချောင်းဂေါင်းဆည် တာဘောင်ပေါ် အရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ပျူ ကျော်ဝင်းစိန် နေရာမှာတင် ပွဲချင်းပြီး သေဆုံးကာ ကျန်ပျူစောထီးများ ဖရိုဖရဲ ထွက်ပြေးသွားကြကြောင်း၊ ပျူစီးနင်းလာသည့် ဆိုင်ကယ် ၁ စီးအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်ကောင်စီတပ်သားများကို သာမက စစ်ကောင်စီ ထောက်တိုင်များကိုပါ တိုက်ခိုက်သွားမည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်တပ်ထံပေးပို့နေသူ ပျူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်တပ်ထံပေးပို့နေသူ ပျူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၅ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်တပ် ထံပေးပို့နေသူ ပျူမျိုးမင်းသူကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြော်ငး သာယာဝတီခရိုင်တပ် ရင်း ၃၈၀၂ ထံမှ သိရသည်။ ဩဂုတ်လ ၂၇ ရက် နံနက် ၇ နာရီခန့်က အုတ်ဖိုမြို့နယ်၊...