ကျောက်ကြီးမြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ PDF စိုးမိုးနယ်မြေထဲသို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၈ ဦးထက်မနည်းသေဆုံး

ကျောက်ကြီးမြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ PDF စိုးမိုးနယ်မြေထဲသို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၈ ဦးထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၃

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ PDF စိုးမိုးနယ်မြေထဲသို့ ဝင်ရောက်လာ သော အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၈ ဦး ထက် မနည်း သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ သတင်း နှင့် ပြန်ကြားရေးဌာနထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့က ကျောက်ကြီးမြို့အခြေစိုက်၊ ခလရ ၆၀ တပ်ရင်းမှ စစ်သား များနှင့် ပျူစောထီးများ ပူးပေါင်း အင်အား ၁၀၀ ကျော်ဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသ၊ PDF တပ်ဖွဲ့များ စိုးမိုးထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် စစ်သား ၈ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ ကိုင်ဆောင်အသုံးပြုသော လက်နက်ငယ် ၇ လက်၊ RPG ၁ လက် နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက် စစ်တပ် က ကျောက်ကြီးမြို့သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

“ရန်သူ့တပ်တွေကတော့ ကျောက်ကြီးက တပ်တွေပေါ့၊ ခလရ ၆၀ နဲ့ ပျူစောထီးတွေပါတယ်။ အင် အားကတော့ ၁၀၀ ကျော်တယ်။ သူတို့ပြန်ဆုတ်ခွာသွားတာကလည်း ကျောက်ကြီးဘက်ပါပဲ၊ ကျ နော်တို့ စိုးမိုးနယ်မြေကလည်း ကျောက်ကြီးမြို့နယ်အတွင်းမှာဖြစ်ပါတယ်။ သေဆုံးစစ်သား အ လောင်းတွေရရှိပြီးတော့ အတည်ပြုလို့ ရတာပဲ ထုတ်ပြန်တာပါ၊ အနည်းဆုံး ၈ ဦးရှိပြီးတော့ ဗိုလ် ကြီး အဆင့် တစ်ဦးလည်းပါဝင် ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၂ စစ်ဆင် ရေးနယ်မြေ၊ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ စောဒိုရှင်းက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၄ ၊ နဂါးနီ တပ်ရင်း (P-29903) ၊ အမှတ် ၃၅၀၂ တပ်ရင်း နှင့် KNLA တပ်ရင်း ၈ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့ပေါ်မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိ

မြင်းခြံမြို့ပေါ်မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၄ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။ အောက်တိုဘာလ ၅ ရက်နေ့ မြင်းခြံမြို့ပေါ်မှ အင်အား ၃၀၀ ခန့်ဖြင့် ညောင်ပင်ရွာဘက်သို့ ထွက်...