မင်းလှမြို့နယ်၊ ဗိုလ်ရုံတန်းရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို ဗုံးခွဲတိုက်ခိုက်မှု ရုံးစောင့် စစ်သားအချို့ ထိခိုက်ဒဏ်ရာရ

မင်းလှမြို့နယ်၊ ဗိုလ်ရုံတန်းရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို ဗုံးခွဲတိုက်ခိုက်မှု ရုံးစောင့် စစ်သားအချို့ ထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃၀

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဗိုလ်ရုံတန်းရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီ-USDP ရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ ရုံးစောင့်စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၉ ရက် ည ၇ နာရီ ၂၀ မိနစ်က မင်းလှမြို့နယ်၊ ဗိုလ်ရုံတန်းရပ်ကွက်ရှိ ကြံ့ခိုင် ရေးပါတီ (USDP) ရုံး ဝင်ပေါက်အနီး၌ ရုံးစောင့် စစ်ကောင်စီတပ်သားများကို သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖိုမှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရုံးစောင့် စစ် သား အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် အကြမ်းဖက်စစ်တပ်မှ ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲကို လက်မခံ ကြောင်း သတိပေးတိုက်ခိုက်ခြင်းသာဖြစ်ပြီး ယင်းတရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ကြမည့်သူများ နှင့် အားပေးကူညီကြမည့်သူများအား ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ ကော်ပေါင်ကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး သံဃာတော် ၅ ပါးနှင့် ကလေးငယ်အပါ အဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်၊ ကော်ပေါင်းကျေးရွာကို ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူပြီး သံဃာ ၅ ပါးနှင့်ကလေးငယ်အပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ...