ပေါင်းတည်မြို့နယ်၊ ကျောက်ကြီးတောင်ဂိတ်စခန်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ပေါင်းတည်မြို့နယ်၊ ကျောက်ကြီးတောင်ဂိတ်စခန်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃၀

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကျောက်ကြီးတောင် ဂိတ်စခန်းမှ ထွက်လာသော အကြမ်းဖက်စစ် တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဩဂုတ်လ ၂၅ ရက်နံနက် ၉ နာရီ ၃၀ မိနစ်က ပေါင်းတည်မြို့နယ် ကျောက်ကြီးတောင်ဂိတ်စခန်းမှ အင်အား ၈၀ ဦး ဖြင့်ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စနိုက်ပါဖြင့် ၂ ချက်ပစ်ခတ်ရာ စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရဿည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရ စစ်သားများကို အထမ်းဖြင့် ထမ်း၍ ကျောက်ကြီးတောင် စခန်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားစဉ် ညနေ ၃ နာရီ ၄၀ မိနစ်အချိန်၌ ပြန်ချီတက်ရွာနှင့် ညောင်နီ ပင်ကျေးရွာကြား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပဒေသာမိုင်း ၄ လုံးဖြင့်ထပ်မံမိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်ာသး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ ၄ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူများကို ထမ်းစင် ၉ ခုဖြင့် ထပ်မံထမ်းထုတ်သွားပြီး ကျောင်ကြီးတောင် ဂိတ်စခန်းသို့ သယ်ဆောင်သွားကာ ၎င်းစခန်းမှတဆင့် ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ဗျူဟာ ၂၁ ကွပ်ကွဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း ၊ စနိုက်ပါ အဖွဲ့နှင့် တပ်ခွဲ ၅ မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာအား နယ်မြေ ရှင်းလင်း ရေးလုပ်ဆောင်စဉ် ၅.၅၆ ကျည်အတောင့် ၂၀၀ ၊ အီနာဂါ ဗုံးသီး ၁ လုံးနှင့်အခြားစစ်အသုံး ဆောင် ပစ္စည်း အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် တစ်ဦး အပါအဝင် စစ်သား ၂ ဦးထက်နည်း သေဆုံး

ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် တစ်ဦး အပါအဝင် စစ်သား ၂ ဦးထက်နည်း သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၂ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေါနတပ်ခွဲ ၆ - ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ...