သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၈
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘော်ဒါကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်နှင့်အတူ စစ်သား ၃ ဦး အရှင်ဖမ်းမိခဲ့ ကြောင်း ပေါင်း တည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF ၃၆၀၁ တပ်ရင်းက ထုတ်ပြန်သည်။
ဩဂုတ်လ ၁၅ ရက် နံနက် ၅ နာရီ ၂၀ မိနစ်က ပေါင်းတည်မြို့နယ်၊ ဘော်ဒါကျေးရွာရှိ အကြမ်းဖက် စစ်သား ၄၂ ဦးဖြင့် အထိုင်ချ တပ်စွဲထားသော စစ်တပ်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF ၃၆၀၁ တပ်ရင်း) မှ ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ထို့အပြင် စစ်သား ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ပြီး ကျန်စစ်သားများမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ဗျူဟာ ၂၁ ကွပ်ကဲမှု့အောက်ရှိ ပြည်ခရိုင် အမှတ် (၁) ၃၆၀၁ တပ်ရင်း ၊ ပြည်ခရိုင်အမှတ် (၂) ၃၆၀၂ တပ်ရင်းနှင့် တောင်ငူခရိုင်အမှတ် (၁) ၃၅၀၁ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုင်ဆောင် အသုံးပြုသော MA3 အမျိုးအစား သေနတ် ၂ လက် ၊ MA11 အမျိုးအစား သေနတ် ၁ လက်၊ အူစီသေနတ် ၁ လက်၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်မျိုးစုံ (၂၇၆) တောင့်၊ ရှေထွက်မိုင်း (၁) လုံး ၊ ကျည်ဘောက် (၁၃) ဘောက်၊ Icom (၁) လုံး၊ Mobile ဖုန်း (၄) လုံး ၊ ဆက်သွယ်ရေးအထိုင်စက် (၁) လုံးနှင့် စစ်အသုံးဆောင် ပစ္စည်းအမျိုးမျိုးတို့ ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားချိန်အတွင်း အကြမ်းဖက် စစ်တပ် အထိုင်စခန်း ၄ ခုအနက် စာသင်ကျောင်းကုန်း၊ သစ် တောကုန်း၊ ဆက်သွယ်ရေးကုန်း တို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
နံနက် ၁၁ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က Gyrocopter ဖြင့် ပေါင် ၃၀၀ ဗုံးသီး ၁ လုံး၊ ည ၇ နာရီအချိန်တွင် သဲကုန်းမြို့ဘက်မှ တက်လာသော ပါရာမိုတာ ၂ စီးဖြင့် ကြိမ်ချောင်းကျေး ရွာအတွင်းသို့ ပေါင် ၃၀၀ ဗုံးသီး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၆ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media