သံလွင်မြန်မာသတင်း
ဩဂုတ်လ ၆
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဘုရင့်နောင် စစ်ကြော ရေးစခန်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သား ၂ ဦးကို ပဲခူးရိုးမအတွင်း၌ အရှင်းမိထားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က ထုတ်ပြန်သည်။
ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အုတ်ဖိုမြို့နယ် အပိုင် ပဲခူးရိုးမအတွင်းရှိ မင်းလှဆည် ဘောင်တွင် လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးမှ ထွက်ပြေးလာသည့် စစ်တပ်သား စောထူးဖော နှင့် စောအယ်ကညော တို့ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်း တော် လှန်ရေးရဲဘော်များက အရှင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရရှိသည့် စစ်မှုထမ်းတပ်သား စောထူးဖော သည် အုတ်ဖိုမြို့နယ်ဇာတိဖြစ်ပြီး မတ်လ ၁၄ ရက် နေ့က သစ်ရောင်း၍ ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဥ် တောင်သုံးလုံးရွာသစ်၌ စစ်သားများ က ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရဖြစ်ကြောင်း၊ အလားတူ စစ်မှုထမ်းတပ်သား စောအယ်ကညော သည်လည်း မင်းလှမြို့နယ် ဇာတိဖြစ်ကာ မတ်လ ၂၈ ရက်နေ့တွင် ကိုင်းပြင်ကြီးရွာထိပ်၌ ဝါးခုတ်နေစဥ် စစ်သား များက ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပေါ်တာဆွဲဖမ်းဆီးသွားပြီးနောက် ၎င်းတို့နှစ်ဦးကို စစ်သားများက သက်ဆိုင်ရာမြို့နယ် ထွေ အုပ်ရုံးများမှ တဆင့် ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်၊ ရဲမွန်တပ်မြို့ရှိ သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ ကာ စစ်မှုထမ်း အပတ်စဥ် ၁၂ သင်တန်းကို ၁၁ ပတ်ကြာ စစ်သင်တန်း တက်ရောက်ခဲ့ကြောင်း သိရ သည်။
သင်တန်းဆင်းပြီးနောက် ရခိုင်ပြည်နယ်ပို့ရန် လှိုင်မြို့နယ်ရှိ ဘုရင့်နောင် စစ်ကြောရေးစခန်း၌ လူစု နေစဥ် ဇူလိုင်လ ၂၁ ရက်နေ့က ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။
Thanliwn Myanmar Media