Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦး သေဆုံး၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် ၃၇၀၂ တပ်ရင်းထံမှ သိရ သည်။

 

ဇူလိုင်လ ၂၅ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာတွင် အထိုင်ချ တပ်စွဲထား သော အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ခမရ ၅၉၀ တပ်ရင်း ရှေ့တန်း စခန်းကို တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး ထက်မနည်းသေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ကျန်းစစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

သိမ်းပိုက်ရရှိသော စစ်တပ်စခန်းအား နယ်မြေရှင်းလင်းစဉ် လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်မှလည်း ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စစ်တောင်းမြစ်ဝှမ်း စစ်ဆင်‌ရေး (JOC) အစီအမံဖြင့် ပြည်သူ့ကာ ကွယ်ရေး တပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်‌‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၅ ၊ အမှတ် ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Thanlwin Myanamr Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်တပ်လက်နက်၊ ရိက္ခာတင် စစ်သင်္ဘောများကို ၃ ကြိမ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး စစ်သင်္ဘော ၁ စီး၊ မော်တော်ရေယာဉ် ၄ စီး မီးလောင်ပျက်စီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၁   စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊...