Bago News

Bago News

ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ်စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၃၀

 

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ် စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Phyu Township People’s Defense Organization က ထုတ်ပြန်သည်။

 

ဇူလိုင်လ ၂၆ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၂၅ မိနစ်က ဖြူးမြို့နယ်၊ရန်ကုန်-မန္တလေး လမ်းဟောင်း ပေါ်ရှိ ဆားဂွန်းဂိတ် စစ်ကောင်စီ အထိုင်စခန်းကို ဖြူးမြို့နယ် ပကဖ တိုက်ခိုက်ရေး အဖွဲ့မှ ရဲဘော် များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်

ထိုသို့ တိုက်ခိုက်မှုသည် နံနက် အစောပိုင်း ၁ နာရီ အထိ ၃၅ မိနစ်အကြာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ သိရသည်။

 

ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ မျိုးပြုတ်၍ တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း ဖြူးမြို့နယ် ပကဖ – Phyu Township People’s Defense Organization က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပေါ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား အလောင်း ၄ လောင်းနှင့် လက်နက် ၆ သိမ်းဆည်းရရှိ

ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပေါ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား အလောင်း ၄ လောင်းနှင့် လက်နက် ၆ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၄ လောင်းနှင့် လက်နက် ၆ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၄ ရက် ညနေ...