Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းနှင့် လက်ပတ်ကျေးရွာ စစ်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၆ ဦးသေဆုံးပြီး လက်နက်ကြီးအပါအဝင်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၆

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ၊ ရင်းတိုက်ကုန်းနှင့် လက်ပတ်ကျေးရွာ စစ်တပ်စခန်းတို့ကို သိမ်း ပိုက်ရရှိခဲ့ရာ စစ်သား ၁၆ ဦးသေဆုံးပြီး လက်နက်ကြီးအပါအဝင် ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့ကြောင်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာ၌ အထိုင်ချ တပ်စွဲ ထားသော စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိကာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

 

ထို့ကြောင့် စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများ နှင့် စစ်သုံးဆက်စပ်ပစ္စည်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်‌‌မြေ၊ ပဲခူးတိုင်း စစ်ဌာန၊ ဗျူဟာ ၂၅ ၊ အမှတ် (၃၇၀၂) တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း (၉) တို့ ပူးပေါင်းကာ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်‌ရေး (JOC) အစီအမံဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန် ရေး တပ်ဖွဲ့ဝင် ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ကျောက်ကြီးမြို့နယ်၊ လက်ပတ်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီ တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပိတ်မိနေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်မိသားစုဝင်များကို လည်း တော်လှန်ရေးတပ်ဖွဲ့များက ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှု ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၄) ၊ အမှတ် (၃၅၀၃) တပ်ရင်း၊ နဂါးနီတပ်ရင်း၊ ဗျူ ဟာ (၂၆) ၊ တော်ဝင်ဒေါင်းတပ်ရင်း၊ အမှတ် (၃၇၀၃) တပ်ရင်း၊ တောကျီးကန်းတပ်ရင်း နှင့် KNLA တပ်ရင်း (၈) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် (၁) ဦး မြင့်မြတ် စွာ ကျဆုံး၍ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ပုလောမြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲပြင်းထန်နေ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၅   တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်တွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။   ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ်...