Bago News

Bago News

ဇီးကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၄

 

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ ကြောင်း BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဇီးကုန်းမြို့နယ် အရှေ့ဘက် တမံကြီးရွာ ၊ ဒေါးကျော်ရွာ နှင့် ရေတာရှည်ရွာတို့ ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ စစ်ကြောင်းကို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးပွဲချင်းပြီးသေဆုံးကာ ၁၃ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ကျည်ထိမှန်ပြီး သေဆုံးဒဏ်ရာရရှိသည့် စစ်သားများကို တိုက်ပွဲအတွင်းမှ ဆွဲထုတ်ကာ စစ်တပ် ကြောင်းမှာ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ဇီးကုန်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး လှုပ် ရှားမှုများလုပ်ဆောင်နေပြီး တိုက်ပွဲများပြင်းထန်လာနိုင်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေး၊ အသိ၊ သတိဖြင့်သွားလာနေထိုင်ကြပါရန် တိုက်တွန်းထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည် တပ်ဖွဲ့နှင့် BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ထားဝယ်မြို့နယ်တွင် ၃ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၅   တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၃ ရက် ဆက် တိုက် ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒူရကစစ်ကြောင်းနှင့်...