Bago News

Bago News

မင်းလှမြို့နယ်တွင် တိုက်ပွဲ ၂ ရက်ဆက်တိုက်ဖြစ်ခဲ့ပြီး စစ်သား ၈၀ ဦးကျော် သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၉

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် တိုက်ပွဲ ၂ ရက်ဆက်တိုက်ဖြစ်ပြီး စစ်သား ၈၀ ဦး ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံမှ သိရသည်။

 

ဇူလိုင်လ ၁၃ ရက်မွန်းလွဲ ၁ နာရီ မိနစ် ၄၀ က မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ စပါးကြီးချောင်း ၌ စခန်းချနေသော စစ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းမှ ရှောင်တခင် သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ် သား ၃၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် အထိနာသွားသော စစ်သားများသည် ဇူလိုင်လ ၁၄ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ခါချဥ်တောင်ပေါ်သို့ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ၄၈ ပေါက်၊ ဥတစ် လုံး တောင်နှင့် ခါချဥ်တောင်တို့တွင် ညနေ ၄ နာရီအထိ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၅၀ ဦး ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်၍ ဒရုန်း ၃ စီး ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခါချဥ်တောင်စခန်းမှ ဆုတ်ခွာပေးခဲ့ရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ဇာမဏီ ကျဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဆိုင်ကယ် ၂ စီး၊ မိုးကာ၊ ဆိုလာ​ပြား၊ ဆန် အိတ်များနှင့် အိုးခွက်ပန်းကန်များ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

“စစ်မှုထမ်းတပ်သားတွေကို ရှေ့ကထားပြီး ကျားထိုးတက်ခိုင်းတာ ကျနော်တို့ တပ်စခန်းကို လူ လှိုင်း နဲ့ တက်သိမ်းတာပေါ့။ အဲတာကြောင့် နောက်ဆုတ်ပေးခဲ့ရတာ၊ တိုက်ပွဲ ၂ ခုလုံးပေါင်း စခ ၈၀ ကျော် သေပါတယ်။ ကျနော်တို့ ရဲဘော် ၁ ဦး ကျဆုံးတယ်။ စခန်းကလည်း ဆုတ်ခွာပေးလိုက်ရတယ်၊ လက် ရှိ စစ်ကြောင်းက ဘန့်ဘွေးကုန်းရွာကို ဆုတ်ခွာသွားပြီ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တပ်ခွဲမှူး ဗိုလ်ဘက က ပြောဆိုသည်။

 

ပဲခူးရိုးမအတွင်း၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် ရိုးမအတွင်း သွားလာမှုများ မပြုလုပ်ကြရန်နှင့် စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်နိုင်ရန် အ တွက် ဝိုင်းဝန်းကူညီပေးကြပါရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က မေတ္တာရပ်ခံထား သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PDF News

PDF News

အညာဒေသတွင် မောင်းပြန်လက်နက် ၁ လက်လျှင် ၃၅ သိန်းဖြင့် ထောက်ပို့နိုင် (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၇   လက်နက်ဝယ်ယူရေးအတွက် ကုန်ကျစရိမ်များပြားနေသည့် အညာဒေသတွင် လက်နက်တစ်လက် လျှင် ကျပ်ငွေ ၃၅ သိန်းဖြင့် ထောက်ပို့နိုင်ကြောင်း Myingyan Blcak Tiger...