ကျောက်ကြီးမြို့နယ်၊ စစ်တပ် စစ်ကြောင်းမှ ကျန်နေခဲ့သည့် စစ်သားတစ်ဦးကို လက်နက်ခဲယမ်းများ နှင့်အတူ ဖမ်းမိ
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၈
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းအတွင်းမှ ကျန်နေခဲ့သည့် စစ်သား ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း KNU Brigade -3 ကျောက်ကြီးတပ်ဖွဲ့ထံမှ သိရ သည်။
ဇွန်လ ၂၆ ရက်နေ့က ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီစစ်ကြောင်းများ၊ စခန်းများကို တော် လှန်ရေး ပူးပေါင်းအဖွဲ့မှ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်တပ် စစ် ကြောင်း အတွင်းမှ ကျန်နေခဲ့သည့် စစ်သား ၁ ဦးကို MA1 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက်နှင့် ခဲယမ်းအချို့တို့ကို သိမ်းဆည်းရမိခဲ့သည်။
” ပြီးခဲ့တဲ့လ ၂၆ ရက်နေ့က စစ်တောင်းမြစ်ဝှမ်းစစ်ရေးအတွင်းမှာ ကျန်နေ ခဲ့တဲ့ စစ်ကောင်စီ တပ် သားလို့ ယူဆရတဲ့ တစ်ယောက်ပါ။ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေး၊ နယ်မြေလုံခြုံရေးအတွက် တိုက်ကင်းလှည့်တဲ့အချိန်မှာ တွေ့ရှိခဲ့တာပါ။” ဟု KNU Brigade -3 ကျောက်ကြီးတပ်ဖွဲ့က ပြောဆိုသည်။
KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ကျောက်ကြီးမြို့နယ် အ တွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ဆက်လက် တိုက်ခိုက်နေကြောင်း သိရသည်။
Thanlwin Myanmar Media