Bago News

Bago News

ညောင်လေးပင်မြို့နယ်၊ တောရလေးဘုန်းကြီးကျောင်းဘက်သို့ ဝင်ရောက်လာသော စစ်သားများကို တိုက်ခိုက်မှု ဗိုလ် ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၄

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ တောရလေးဘုန်းကြီးကျောင်းဘက်သို့ ဝင်ရောက်လာသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးသေဆုံးခဲ့ကြောင်း Fire Dragon တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ဇူလိုင်လ ၁၂ ရက် နံနက် ၈ နာရီ ၄၀ မိနစ်က ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာ အထက် ပိုင်းရှိ ကျောင်းကြီးဘုန်းကြီးကျောင်းမှ စစ်သားများသည် ​တောရလေးဘုန်းကြီးကျောင်းဘက်သို့ RPG ၄၀ မမ ၆၀ မမ တို့ဖြင့် ပစ်ခတ်ဝင် ရောက်လာသဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက တိုက် ခိုက်ခဲ့ရာ မွန်းတည့် ၁၂ နာရီ အထိကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ဗိုလ်တစ်ဦးသေဆုံးပြီး ညောင်လေးပင် ခမရ ၂၀ မှ လက်နက်ကြီးများဖြင့် ပစ်ကူ ပေးခဲ့သည့်အပြင် တာပြတ်တံတား ဂိတ်မှလည်း ဒရုန်းဖြင့် ဗုံးကျဲကာ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို  ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃၇၀၃ – Fire Dragon တပ်ဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ရန်ကုန်-မန္တလေးအမြန်လမ်းမ ပေါ်တွင် ကင်းပုန်းနှင့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၄   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၁၈ တွင် ကင်းပုန်း ဝပ်နေသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်...