Bago News

Bago News

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ၂ ကြိမ်တိုက်ခိုက်မှု လေတပ်အရာရှိ ၅ ဦးအပါအဝင် ၁၁ ဦးသေဆုံးပြီး ဂျက်ဖိုက်တာ တစ်စင်း ၊ Y8 လေယာဉ် ၁ စင်း၊ အမှတ် ၂ ဆီဂိုဒေါင်၊ အုပ်ချုပ်မှုရုံး၊ ဆက်သွယ်ရေးစက်ပစ္စည်းထားရာအဆောက်အအုံ၊ ဧည့်ရိပ်သာနှင့်လေယာဉ်ပြေးလမ်းတို့ပျက်စီး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၀

 

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် ကေတုမတီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိ ၅ ဦးအပါအဝင် ၁၁ ဦးသေဆုံးပြီး ဂျက်ဖိုက်တာ တစ်စင်း ၊ Y8 လေယာဉ် ၁ စင်း၊ အမှတ် ၂ ဆီဂိုဒေါင်၊ အုပ်ချုပ်မှုရုံး၊ ဆက်သွယ်ရေးစက်ပစ္စည်းထားရာ အဆောက် အအုံ၊ ဧည့်ရိပ်သာနှင့်လေယာဉ်ပြေးလမ်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၄ နာရီ ၃၃ မိနစ်က တောင်ငူမြို့အခြေစိုက် တောင်ငူ (ကေတု မတီ) လေ တပ်စခန်းကို  ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးပစ်ခတ်ခဲ့ရာ ၄ လုံးသာ အောင်မြင်စွာပစ်ခတ် နိုင်ခဲ့ပြီး စစ်ကောင်စီ ဘက်မှ ပြန်လည်ပစ်ခတ်နေမှုများကြောင့် လုံခြုံရေးအရ ပြန်လည်ဆုတ်ခွာခဲ့ ရကြောင်း သိရသည်။

 

ထို့နောက် ည ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ် နေသည့်ကြားမှ BWM နှင့် မဟာမိတ် အဖွဲများသည် ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးထပ်မံသွားရောက်ပစ်ခတ်ရာ ၇ လုံးမှာ လေတပ်အတွင်း အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် လေတပ်အရာရှိ ၅ ဦး ၊ အခြားအဆင့်စစ်သည် ၆ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး လေတပ်အရာရှိ ၈ ဦး၊ အခြားအဆင့်စစ်သည် ၁၂ ဦး အပြင်းအထန် ဒဏ်ရာအပါအဝင် အရာရှိနှင့် စစ် သည် တော်တော်များများ ထိခိုက်ဒဏ်ရာရရှိများရရှိခဲ့ကာ တပ်တွင်း မဆရ တွဲဖက်ဆေးခန်းများတွင် လူနာ အပြည့်ဖြစ်သွား၍ ဆေးရုံးကြီးသို့ အရေးပေါ် အရပ်သားကားများဖြင့် ပိုဆောင်ခဲ့ရကြောင်း သိရသည်။

 

ထို့အပြင် Jet Fighter လေယာဉ် ၁ စင်း နောက်မြီးပိုင်းထိခိုက်မှု၊ စစ်ထောက်ပို့လ‌ေယာဥ် Y-8 ၁ စင်း ညာ ဘက်ခြမ်း ပန်ကာ နှင့် ဆီတိုင်ကီ ၊ အမှတ် ၂ ဆီဂိုဒေါင် မီးလောင်ပျက်စီးမှု ၊ အုပ်ချုပ်မှုရုံးနှင့် ဆက်သွယ်ရေးစက်ပစ္စည်းများထားရှိရာ အဆောက်အဦး၊ လေယာဉ်ပြေးလမ်း၊ အရာရှိ နားနေ ဧည့် ဆောင် ခန်းမ ပြိုကျပျက်စီးမှုနှင့် ပရိဘောပစ္စည်းများ မီးလောင်မှုရှိခဲ့ကြောင်း၊ သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့နှင့် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ တို့ပူးပေါင်း ကာ BWM ၏ mission 42 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တောင်ငူလေတပ် စခန်းဌာနချုပ်သည် ကရင်ပြည်နယ်၊ ကရင်နီ၊ ရှမ်းတောင် ရှိတော်လှန်ရေးအင် အားစုများ၊ စစ်ရှောင်ပြည်သူ လူထုကို နေ့နေ့ညည ဗုံးကြဲ သတ်ဖြတ်နေသော လေယာဥ်များထားရှိ သည့် လေတပ်စခန်း တစ်ခုဖြစ်သောကြောင့် ယခုကဲ့သိုတိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း အသိပေး ထားသည်။

 

မည်သည့်တော်လှန်ရေးမဆို ပြည်သူမျက်နှာမူရာအရပ်တွင် အောင်ပွဲရှိလေ့ရှိသည်ဖြစ်၍ ပြည်သူများ စိတ်မပျက်ပဲ၊ သွေးမကွဲပဲ တော်လှန်ရေးတွင် နိုင်ရာတာဝန်ထမ်းရင်း အောင်ပွဲဆီ အတူချီတက်ကြရန် နှင့် BWM နှင့် မဟာမိတ် အဖွဲ့များအနေဖြင့်လည်း တော်လှန်ရေးအောင်မြင်သည်အထိ ပြည်သူနှင့် အတူ ကြိုးစားတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်တပ်အတွင်း မူးယစ်ဆေးဝါး တရားဝင်နီးပါး ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်တပ်သားဝန်ခံ

စစ်တပ်အတွင်း မူးယစ်ဆေးဝါး တရားဝင်နီးပါး ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်တပ်သားဝန်ခံ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ရောက်ရှိနေသော စစ်တပ်အတွင်း မူးယစ်ဆေးဝါးတရားဝင် ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်ခဲ့သည့် စစ်မှုထမ်းတပ်သား ကိုအောင်ကျော်က ဝန်ခံထားသည်။ အောက်တိုဘာလ ၁၇ ရက်နေ့က နောင်ချိုမြို့နယ်တွင် တံတားပြင်ဆင်နေသည့် စစ်ကြောင်းထဲမှ စစ် မှု ထမ်းတပ်သား ကိုအောင်ကျော်သည် အစောင့်စစ်သားအလစ်တွင် လက်နက်မဲ့ထွက်ပြေးလာပြီး...