တောင်ငူမြို့နယ်အခြေစိုက် ခလရ ၃၉ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး တပ်ရင်းရိက္ခာဂိုဒေါင်၊ စက်ပစ္စည်းဂိုဒေါင်နှင့်လူပျိုဆောင်ဘားတိုက်မီး လောင်ပျက်စီး
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၉
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အခြေစိုက် ခလရ ၃၉ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက် ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး တပ်ရင်းရိက္ခာဂိုဒေါင်၊ စက်ပစ္စည်းဂိုဒေါင်နှင့်လူပျို ဆောင်ဘားတိုက်မီး လောင်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံ မှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၈ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်က တောင်ငူမြို့နှင့် ၄ မိုင်ခန့်အကွာရှိ အကြမ်းဖက် ကောင်စီ၏ အမှတ် ၃၉ ခြေလျင်တပ်ရင်း (ခလရ ၃၉) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့်ပစ်ခတ်ရာ ၃ လုံးစလုံးကို တပ်စခန်းအတွင်းကျရောက်ပေါက်ကွဲပြီး အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး အရာ ရှိ ၁ ဦးနှင့် အခြားအဆင့်စစ်သည် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် တပ်ရင်းရိက္ခာဂိုဒေါင်၊ စက် ပစ္စည်းဂိုဒေါင်နှင့်လူပျိုဆောင်ဘားတိုက်မီး လောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၃၉ ခြေလျင်တပ်ရင်း (ခလရ ၃၉) သည် တောင်ပိုင်းတိုင်း စစ် ဌာနချုပ် (တပခ) လက်အောက်ထံတပ်ရင်းတစ်ခုဖြစ်ပြီး နယ်မြေတွင်း တော်လှန်ရေးလှုပ်ရှားမှုများ အတွက် အဟန့်အတားဖြစ်နေစေသော တပ်စခန်းတစ်ခုဖြစ်နေ သောကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း အသိပေးထားသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲသည် KNLA တပ်မဟာ ၂၊ တပ် ရင်း ၅ နှင့် ပူးပေါင်း၍ မဟာမိတ်အဖွဲ များဖြစ်သည့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့တို့ပူးပေါင်းကာ KNLA တပ် မဟာ ၂၊ တပ်ရင်း ၅ ၏ နယ်မြေ စစ်ရေးလိုအပ်ချက်အရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media