Bago News

Bago News

ကျောက်တံခါးမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၌ အထိုင်ချထားသော စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၆

 

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၌ အထိုင်ချထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပဲခူး ခရိုင်အမှတ် ၂ တပ်ရင်း – P3702 ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက် ၁ နာရီခန့်က ကျောက်တံခါးမြို့နယ် ဘုရားကြီးကုန်းကျေးရွာ၌ အင်အား ၄၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၁ နာရီ ၄၀ မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ ကျန်စစ်သားများမှ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ထို့ကြောင့် စခန်းအတွင်းရှိ လက်နက်ခဲယမ်းများ ၊ အခြားစစ်ဘက်အသုံးအဆောင်ပစ္စည်းများ သိမ်း ဆည်းကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P 3702 နှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်း ကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်အတွင်း ကျေးရွာ ၄ ခုတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံး သီး အလုံး ၁၀၀ ကျော်ဖြင့် တိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာကို စစ်တပ်...