ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၇ ဦးထက် မနည်းသေ ဆုံးပြီး ၂၂ ဦးကို လက်နက် ၂၈ လက်နှင့်အတူ ဖမ်းမိ
သံလွင်မြန်မာသတင်း
ဇွန်လ ၂၆
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၇ ဦး ထက်မနည်းသေဆုံးပြီး ၂၂ ဦးကို လက်နက် ၂၈ လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို စစ် တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး ထက်မနည်း သေဆုံးပြီး ကျန်စစ်သားများ ကစဉ့်ကလျားဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။
ထို့အပြင် ထို့သို့ ထွက်ပြေးနေသည့် စစ်သားများကို လိုက်လံဖမ်းဆီးခဲ့ရာ စစ်သား ၂၂ ဦးကို လက်နက် မျိုးစုံ ၂၈ လက်၊ ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဖမ်းမိရရှိခဲ့ကြောင်း၊ ဖမ်းမိရရှိ သည့် စစ်သုံ့ပန်းများကို ဂျနီဗာကွန်းဗန်းရှင်း နှင့်အညီ ထိန်းသိမ်းထားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ် ဌာန ၊ ဗျူဟာ ၂၅ တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ် ရင်း ၈ ၊တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media