Bago News

Bago News

မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရွာသူရွာသားများ အတင်းအဓမ္မစစ်စုဆောင်းမှု‌ ပေါ်တာ မဆွဲခံရရေး ကျေးရွာအုပ်စု တစ်စုလျှင် ငွေကျပ် ၆၅ သိန်းတောင်း

 

D Day News

စက်တင်ဘာလ ၁၅

 

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရွာသူများများ အတင်းဓမ္မစစ်သားစုဆောင်းမှု ပေါ်တာ မဆွဲခံရရေးအတွက် ကျေးရွာအုပ်စုတစ်စုလျှင် ငွေကျပ် ၆၅ သိန်းပေးရမည်ဟု တောင်းခံနေ ကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့က မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ရွာရှိလူ များ ပေါ်တာဆွဲ မခံရရေးအတွက် ကျေးရွာ အုပ်စု တစ်စုလျှင် ၆၅ သိန်းကျပ်စီ စု၍ စစ်ကောင်စီ အဖွဲ့ထံ ပေးရမည်ဟု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ရွာသူရွာသားများကို အစည်းအဝေးခေါ် ယူကာ ပြောဆိုခဲ့ကြောင်း သိရသည်။

“ဒီနေ့ (စက်တင်ဘာလ ၁၃ ရက်) ဘဲအစည်းအဝေးခေါ်ပြီးပြောတာပါ တစ်အုပ်စုကို ၆၅ သိန်း စုပြီး ပေးရမယ်တဲ့ အုပ်ချုပ်ရေးမှူးကပြောတာ သူတို့တောင်းတာစုပြီးပေးမယ်ဆိုရင် ပေါ်တာမဆွဲဘူးဆို တဲ့ သဘောပေါ့ “မင်းလှမြို့နယ် ကံသာယာကျေးရွာအုပ်စုမှ ရွာသားတစ်ဦးကပြောကြားသည်။

 

မင်းလှမြို့နယ်၊ ကံသာယာကျေးရွာအုပ်စုတွင် ကံသာယာတောင်စုကျေးရွာ၊ ကံသာယာကြီးကျေးရွာ၊ ကံသာယာအနောက်စုနှင့် ခွက်မကျေးရွာတို့ပါဝင်ပြီး ယနေ့ပြုလုပ်ခဲ့သောအစည်းအဝေးသည် ကျေး ရွာ အုပ်ချုပ်ရေးမှူးနေထိုင်သည့် ကံသာယာတောင်စုကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးတင်အောင်၏ နေအိမ်တွင်ပြုလုပ်ကာ ရွာသူရွာသားများကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းလှမြို့နယ်အတွင်းမှ ရွာသားများသည် နေ့အခါသာရွာ၌ နေရဲကြပြီး ညဘက်အခါများတွင် အချိန် မတော်ပေါ်တာဆွဲမည်ကြောက်ရွံ့နေရ၍ ရွာ၌ ညမအိပ်ရဲပဲ ပုန်းရှောင်နေကြရကြောင်း၊ စက်တင် ဘာလ ၁၃ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင်လည်း စစ်ကောင်စီ တောင်းသည့်ငွေကို မပေး နိုင်ဟု ရွာသူရွာသား အများစုက ငြင်းဆိုခဲ့ကြောင်း သိရသည်။

 

သတင်းပေးပို့ – CJ

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မကွေးတိုင်း၊ ပကဖက ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ...