ဖြူးမြို့နယ်တရားရုံးရှေ့၊ ဇေယျဝတီမြို့ရဲစခန်း၊ ဘူတာရုံတို့အပါအဝင် နေရာ ၆ ခုကို စီးနင်းတိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇွန်လ ၂၆
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တရားရုံးရှေ့၊ ဇေယျဝတီမြို့ရဲစခန်း၊ ဘူတာရုံတို့အပါအဝင် နေ ရာ ၆ ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၁ လက်သိမ်းဆည်း ရရှိခဲ့ကြောင်း ဖြူးမြို့နယ် ပကဖ ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက် ၁ နာရီ ၂၄ မိနစ်က ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ဘူတာရုံရှိ စစ်သား များကို ဖြူးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ထိ ခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာရရှိသော စစ်သားများနှင့်အတူ ကျန်စစ်သားများမှာ ဘူတာရုံမှ စွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။
ထို့ကြောင့် ဘူတာရုံအား ဝင်ရောက်ရှင်းလင်းစဉ် MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက် ကျည်ဆံအချို့ နှင့် ဖုန်း ၄ လုံး သိမ်းဆည်းရရှိခဲပြီး မီးရထားဝန်ထမ်း တစ်ဦးကိုလည်း တွေ့ရှိခဲ့ရာ အလင်းဝင်ရောက်ရန်မှာကြား၍ ပြန်လွှတ်ပေးလိုက်ကြောင်း ၊ ထို့အပြင် ဘူတာရုံဝန်ထမ်း အိမ်ယာများ၌လည်း စစ်ကောင်စီတပ်သားများ ဝင်ရောက်နေထိုင်းခြင်းရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဇေယျဝတီဘူတာရုံရှိစစ်သားများကို ဝင်ရောက်စီးနင်း တိုက်ခိုက်နေချိန်တွင် ဖြူးမြို့နယ် ပကဖ ရဲ ဘော်များက ဖြူးမြို့နယ်တရားရုံးရှေ့ ရန်ကုန် -မန္တလေးလမ်းဟောင်း ပေါ်တွင် ကင်းပတ်သွားလာ နေ သော စစ်ကောင်စီကားများကို စစ်ဆေးတိုက်ခိုက်ခြင်း၊ ဇေယျဝတီ သကြားစက်တွင် ကင်းပုန်း ချထား သော စစ်သားများအားတိုက်ခိုက်ခြင်းနှင့်ဖြူးပကဖဒရုန်းအဖွဲ့မှလည်း ဇေယျဝတီရဲစခန်းအား ဗုံးသီးကျဲချတိုက်ခိုက်ခြင်းတို့ တပြိုင်တည်း လပ်ဆောင်ခဲ့ကြောင်း သိသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း ဖြူးမြို့နယ်၊ အုတ်ဖြတ်-မုန်းလမ်းပေါ်ရှိ ဝဲကြီးအောက်ခုံ ကျေး ရွာတွင် ကင်းပတ်သွားလာနေသော စစ်ကောင်စီတပ်သားများကို ဖြူးမြို့နယ်ပကဖ တိုက်ခိုက်ရေး အဖွဲ့မှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာ မြင့်ခဲ့ ပြီး စစ်သား ၄ ဦး သေဆုံးကြောင်း ဖြူးမြို့နယ် ပကဖရဲဘော်များ အထိအခိုက် မရှိခဲ့ကြောင်း သိရ သည်။
Thanlwin Myanmar Media