Bago News

Bago News

ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်ရှိ တော်ဝိကျေးရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက် ရရှိ၊ စစ်သား ၁၃ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၅

 

ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့ကြားရှိ‌ တော်ဝိကျေးရွာ၌ တပ်စွဲထားသော စစ် တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း တော်ဝင်ဒေါင်းတပ်ရင်းထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၂၅ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က ညောင်လေးပင်မြို့နှင့်‌ကျောက်တံခါးမြို့ကြား၊ ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်ရှိ တော်ဝိကျေးရွာ၌ စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၂ နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးပစ်ကူကတော့ ထိတွေ့တိုက်ပွဲ စဖြစ်ကတည်းက တောက်လျှောက်ပစ်ပေးတာမျိုးရှိ ပါတယ်။ လေကြောင်းပစ်ကူတော့မလာပါဘူး ။ စခန်းကိုတော့ စစ်ဆင်ရေးရည်မှန်းချက်အတိုင်း အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု တော်ဝင်ဒေါင်းတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ ကျန်ရှိ သော စစ်ကောင်စီတပ်သားများမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ ထို့ကြောင့် စစ်တပ်စခန်းအ တွင်းမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကာ တော်လှန်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ဗျူဟာ၂၆ ၏ ကွပ်ကဲမှုဖြင့် တော်ဝင်ဒေါင်း တပ်ရင်းနှင့် တောကျီးကန်းတပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ဇွန်လ ၂၃ ရက် နေ့က ကျဆုံးသွားသော ရဲဘော်ကျော်စွာအား ဂုဏ်ပြုသောအားဖြင့် ‘ကျော်စွာ’ စစ်ဆင်ရေးအဖြစ် သတ်မှတ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု သင်တန်းနည်းပြအရာရှိ ၃ ဦးအပါအဝင် ၂၁ ဦးသေဆုံးပြီး အဆောင် ၄ ခု မီး လောင်

သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု သင်တန်းနည်းပြအရာရှိ ၃ ဦးအပါအဝင် ၂၁ ဦးသေဆုံးပြီး အဆောင် ၄ ခု မီး လောင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အခြေစိုက် အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေး သင်တန်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်တန်းနည်းပြအရာရှိ ၃ ဦးအပါအဝင် ၂၁ ဦးသေ ဆုံးပြီး အဆောင် ၄ ခု မီး လောင်ခဲ့ကြောင်း Brave...