Bago News

Bago News

ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းပေါ်ရှိ စစ်တပ်စခန်း ၉ ခုကို တပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂၀ ဦးထက်မနည်းသေဆုံးပြီး ၃ ဦးအရှင်မိကာ လက်နက် ၁၆ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၅

 

ပဲခူးတိုင်း ၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်များအတွင်းရှိ ရန်ကုန် – မန္တလေး အမြန် လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီစခန်း ၉ ခုကို တပြိုင်နက် ဝင် ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၂၀ ဦးထက်မနည်းသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက် နက် ၁၆ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

 

ယနေ့ ဇွန်လ ၂၅ ရက် နံနက်အစောပိုင်းက ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်အတွင်း ရန် ကုန် – မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့်စခန်း ၉ ခု ကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံး ပြီး အများအပြားထိခိုက် ဒဏ်ရာရရှိကာ ရဲအုပ်တစ်ဦး အပါအဝင် စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီး ရရှိခဲ့ ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်နက်ကြီး၊ လက်နက်ငယ်အစုံ ၁၆ လက်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ(၂၄)၊ အာဠာ ဝက တပ်ရင်း၊ အမှတ်(၃၅၀၃) တပ်ရင်း၊ဖြူး(ပကဖ)၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း(၉)၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်းနှင့်  တောကျီးကန်း တပ်ရင်း တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော် ၁ ဦး ကျဆုံးခဲ့ရပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တိုင်းစစ်ဌာန(ပဲခူး) မှ ပဲခူးတိုင်းအတွင်း စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် NUG ကာ ကွယ် ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်ရှိ တော်ဝိကျေးရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက် ရရှိ၊ စစ်သား ၁၃ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၅   ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့ကြားရှိ‌ တော်ဝိကျေးရွာ၌ တပ်စွဲထားသော...