Bago News

Bago News

ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်နှင့်ပေါင်းပြီး ပြည်သူများကို ခြိမ်းခြောက်အနိုင်ကျင့်နေသူ ကိုမိုး ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၃

 

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်နှင့်ပေါင်းပြီး ပြည်သူများကို ခြိမ်း ခြောက်အနိုင်ကျင့်နေသူ ကိုမိုးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ဇွန်လ ၂၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ်က ကြို့ပင်ကောက်မြို့နယ်၊ မှန်ပင်ထူးအုပ်စု၊ မှန်ပင်ထူးရွာနေ ကိုမိုးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) မှ ပစ်ခတ်ရှင်းလင်း ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော ကိုမိုးသည် တော်လှန်ရေးရဲဘော်များ၏ သွားလာလှုပ်ရှားမှုများကို ဖုန်းဖြင့် မှတ် တမ်းရိုက်ယူကာ စစ်သားများထံ ပို့ခြင်း၊ ဒေသနေ လူငယ်များအား PDF များဟုဆိုကာ စစ်သားများ ထံ ဖုန်းဆက်၍ မမှန်မကန် တိုင်ကြားခြင်း၊ စစ်သားများနှင့်ပေါင်းကာ ဒေသနေ ပြည်သူများ အပေါ် အနိုင်ကျင့်ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေသည်ကို ပြည်သူများ တိုင်ကြားလာသောကြောင့် စိစစ် အတည်ပြုကာ အရေးယူခဲ့ခြင်း ဖြစ်ကြောင်း အသိပေးထားသည်​။

 

သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်သားများအပြင် စစ်တပ်ထောက်တိုင်များကိုပါ အရှိန်မြင့် တိုက်ခိုက်သွားမည် ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် မေတ္တာ ရပ်ခံ တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး အထိနာသော စစ်တပ်က ဖားကန့်မြို့ ဆုတောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦး ထိမှန် သေဆုံးပြီး ကလေးငယ် ၅ ဦး ဒဏ်ရာရ

ဖားကန့်မြို့တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး အထိနာသော စစ်တပ်က ဖားကန့်မြို့ ဆုတောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦး ထိမှန် သေဆုံးပြီး ကလေးငယ် ၅ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် နေ့စဉ်၊ နေ့တိုင်း တိုက်ပွဲပြင်းထန်နေပြီး အထိနာသော စစ်တပ်က ဖားကန့် ဆုတောင်းကုန်းကို လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ် ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက...