Bago News

Bago News

ထန်းတပင်မြို့နယ်တွင် ၅ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ကျော်သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၂

 

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၅ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ကျော် သေဆုံးခဲ့ကြောင်း အုတ်ဖိုမြို့နယ် ပကဖက ထုတ်ပြန်သည်။

 

ဇွန်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့မှ ကိုးတိုင်‌ရွာသို့ စစ်ကြောင်းတစ် ကြောင်း၊ ထန်းတပင်မြို့နယ်၊ ထန်းတပင်တံတားမှ ကိုးတိုင်ကျေးရွာသို့ စစ်ကြောင်းတစ်‌ကြောင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှ ရေကြည်ကုန်းကျေးရွာသို့ စစ်ကြောင်းတစ်ကြောင်း အသီးသီးခွဲ၍ အင်အား ၂၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းများကို မြို့စိုးတံတားအဆင်း၊ ကိုးတိုင်ကျေးရွာတွင် တိုက်ခိုက်ခဲ့ပြီး ဇရပ်ကြီးမြို့မှ ရေကြည်ကုန်းကျေးရွာဘက်သို့ တက်လာသော စစ်တပ်စစ်ကြောင်းကို လည်း လယ်ကွင်းပြင်အတွင်း၌ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ထန်းတပင်တံတား ဘက်မှ ကိုးတိုင်ကျေးရွာဘက်သို့ တက်လာသော စစ်ကြောင်းကိုလည်း လယ်ကွင်းပြင်အတွင်းဖြတ် တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေဆုံးခဲ့ခြင်းဖြစ်ပြီး အများအပြား ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

“လယ်ကွင်းပြင်ဖြတ်တက်လာတာကို ကိုယ့်ဘက်က အပိုင်ချေမှုန်းရတာဆိုတော့ ပထမ တစ်ရက် တည်းမှာပဲ မှာ ၇ ဦးလောက် သေတာ နောက်ရက်တွေကျတော့ ပွဲက တအားကောင်းလာတော့ သေ ဆုံး သတင်းက ထောက်လှမ်းလို့ မလွယ်ကူတော့ဘူး၊ တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ မျက်မြင်နဲ့ Scount Drone က မြင်ရတာတာလောက်ကိုပဲ ခန့်မှန်းခြေ ပြောလို့ရတော့တာပါ။ အတင်းတက် လာပြီး ပြန်လန်ကျတာက နေ့တိုင်းပဲ မိုင်းဆွဲခံရတာတွေ ဒရုန်းနဲ့ ကျဲခံရတာတွေ အများကြီးပဲ မြို့စိုးနဲ့ ကိုးတိုင်ကြားဆို အိမ်ခြံတွေက ဆက်နေတော့ မီတာ ၅၀ လောက် အကွာအဝေးကို အနီးကပ်ပစ်ကြ ရတာ” ဟု အုတ်တွင်း ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၃ PDF ပူးပေါင်းတပ်များဖြစ်သော အုတ်တွင်းမြို့နယ် ပကဖ၊ တပ် ရင်း ၃၅၀၂ ၊ တောင်ငူမြို့နယ် ပကဖ ၊ ယောနသံ Drone Force နှင့် Delta One Drone Force တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၅ ဦး မစိုးရိမ်ရဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တော်လှန်ရေးအင်အားစုများအနေဖြင့် သမိုင်းကို ရုပ်ဆိုးအကျည်းတန်စေမည့် အားနည်းချက်များကို အလေးအနက်ထား ဆင်ခြင်သုံးသပ်ကြရန် နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ တိုက်တွန်း (ရုပ်သံ)

တော်လှန်ရေးအင်အားစုများအနေဖြင့် သမိုင်းကို ရုပ်ဆိုးအကျည်းတန်စေမည့် အားနည်းချက်များကို အလေးအနက်ထား ဆင်ခြင်သုံးသပ်ကြရန် နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၈ တော်လှန်ရေးအင်အားစုများအနေဖြင့် သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေမည့် အားနည်းချက်များ ကို အလေးအနက်ထား ဆင်ခြင် သုံးသပ်ကြပါရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သော ၃၇ နှစ်မြောက် ရှစ်လေးလုံးလူထုဒီမိုကရေစီ အ ရေး...