လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာတပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇွန်လ ၂၂
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာတွင်တပ်စွဲထားသော စစ်တပ်စခန်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ထံမှ သိရသည်။
ဇွန်လ ၁၉ ရက် နံနက် ၃ နာရီ ၅၀ မိနစ်က လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ ရေငံကျေးရွာ ၌ အင်အား ၃၀ ကျော်ဖြင့် အထိုင်ချတပ်ဆွဲထားသော စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ် ခတ်တိုက်ပွဲ ၁ နာရီ ၄၀ မိနစ်အထိကြာမြင့်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အထိနာသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ပစ်ကူများ ဆက်တိုက် ပစ်ခတ်ပေးလာသလို စစ်ကူအင်အား များအပြားလည်း ရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ ရကြောင်း သိရသည်။
“စစ်ကူတွေ၊ လက်နက်ကြီးပစ်ကူတွေက ဝက်လှကြီး၊ စန်းတောင်ကွေ့တွေဘက်က ပေးတာပါ၊ စစ် ကြောင်းက အကုန်ပတ်တက်နေတာ၊ လက်ရှိလည်း တက်နေသေးတယ်။ မိဘပြည်သူတွေအနေနဲ့ စစ်ကြောင်းအသံကြားရင် လွတ်အောင်ရှောင်ရှားနေထိုင်ကြပါလို့ ပြောချင်ပါတယ်” ဟု သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၃ ၊ တပ်ခွဲ၂ နှင့် ရွှေတန်းမြေပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ (သာယာဝတီခရိုင်ပကဖ၊ အမှတ် ၁ တိုက်ခိုက်ရေးတပ်ဖွဲ့) ရဲဘော်များ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သား အများအပြား အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးရန် လုပ် ဆောင်နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ် သားများအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန်နှင့် စစ်ရေး အသိ၊ သတိဖြင့် နေနိုင်ပေးကြ ပါရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media