Bago News

Bago News

ရွှေကျင်နှင့်ညောင်လေးပင်မြို့နယ်တွင် လမ်းကင်းယူနေသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၀

 

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် လမ်းကင်းယူနေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Fire Dragon တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၂၀ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်က ရွှေကျင်မြို့နယ် ရွှေကျင် – သံဆိပ်ကားလမ်း ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများသည် ရှမ်းရွာဂိတ်မှစ၍ အင်္ဂနီရုံးတိုင်းရွာများအထိ ကားလမ်းတစ်​လျှောက် လမ်းကင်းယူကာ ရိက္ခာပို့ဆောင်နေမှုများရှိနေကြောင်း သိရသည်။

 

ထိုသို့ လမ်းကင်းယူနေသော စစ်သားများအနက် အင်္ဂနီရုံးတိုင်းကျေးရွာလမ်းဘေး၌ ကင်းပုန်းဝပ်နေ သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင် ပစ်ခတ်ခဲ့ ရာ စစ်သား ၃ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“စခတွေက အင်အားရာချီရှိတယ်။ သံဆိပ်စခန်းဘက်ကနေပြီး ဘောကထာကြောဘက်ကို တက် တာ၊ ကျနော်တို့က လမ်းကင်းယူနေတဲ့ စခတွေကို ဝင်ပစ်ခဲ့တာပါ၊ မိဘပြည်သူတွေအနေနဲ့ စကစ သွားတဲ့လမ်းကြောင်းတွေကို ဝေးဝေးက ရှောင်နေပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Fire Dragon တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် P2 – တပ်ရင်း 3703 မီးနဂါးရဲဘော်များ က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နေရာစုံရှိ စစ်ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ထောင်လောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ် သား ၁ ဦးသေဆုံးခဲ့ကြောင်း Fire Dragon တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၈ ရက် ညနေ ၆ နာရီ ၁၀ မိနစ်က ညောင်လေးပင်မြို့နယ် ညောင်ပင်ပေါက်ရွာရှိ အကြမ်း ဖက်စစ်ကောင်စီတပ်များသည် ထောင်လောင်ကျေးရွာဘက်သို့ တိုးကပ်ဝင်ရောက်လာသဖြင့် တော် လှန်ရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကို မကျေနပ်သော အကြမ်းဖက်စစ်သားများက ရေကြည်ချောင်းဂိတ်စခန်းနှင့် ညောင်ပင်ပေါက်စခန်းတို့မှ လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများနေထိုင်ရာဘက်သို့ ရမ်း သမ်းပစ်ခတ်ခဲ့ကြောင်း၊သို့သော်လည်း ပြည်သူများထိခိုက်မှုမရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃၇၀၃ တပ်ရင်း (မီးနဂါး) ရဲဘော် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ယင်းမာပင်မြို့နယ်၊ ပုသိမ်- မုံရွာလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာမြို့နယ်အရှေ့ခြမ်း ပုသိမ် -မုံရွာလမ်းပိုင်းတွင် စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄...