Bago News

Bago News

ပေါင်းတည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၈

 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်က ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာမှ ပြည်သူများကို ဖမ်းဆီး ပြီး လူသားဒိုင်းကာ အဖြစ်အသုံးပြု၍ ဆင်းလာသော အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို သစ်ပုတ် အုပ်စု ၊ နွားသိုးရွာနှင့် နွေးတောင်ရွာကြားတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကကြား ဖြတ်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ သေဆုံးစစ်သား အလောင်း များကို နွားသိုးရွာနှင့် နွေးတောင်ရွာမှ ပြည်သူ့နေအိမ်များပေါ်တင်၍ မီးရှို့ပစ်ခဲ့ရာ ပြည်သူ့နေအိမ် ၉ လုံး မီးလောင်ပြာကျခဲ့ကြောင်း၊ ထို့သို့ မီးရှို့ပြီးနောက် ပေါက်ခေါင်းမြို့ဘက်သို့ ဆက်လက်ထွက်ခွာ သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ဗျူဟာ ၂၁ ကွပ်ကဲမှု အောက်ရှိ အမှတ် ၃၆၀၁ တပ်ရင်း Sniperအဖွဲ့နှင့် တပ်ရင်း စစ်ကြောင်းတို့မှရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ် အ ကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်းခုခံ တိုက်ခိုက်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ရေဖြူမြို့နယ်၊ ပယကျေးရွာ၊ ရွှေမိုးညိုဘုရားအနီးတပ်စွဲထားသော စစ်တပ်စခန်းကိုတိုက်ခိုက်မှု စစ် သား ၃ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၈   တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ပယကျေးရွာ ရွှေမိုးညိုဘုရားအနီးတပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း...