Bago News

Bago News

ရန်ကုန် -ပြည်လမ်းမပေါ်တွင် ၃ နေရာတိုက်ပွဲဖြစ်ပြီး စစ်တပ်မှ ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူးတစ်ဦး ပါအဝင် ၂၀ ဦးသေဆုံး၊ စစ်တပ်က ပစ်ခတ်မှုကြောင့် ခရီးသည် ၃ ဦးအပါအဝင် ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၈

 

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန် -ပြည်ကားလမ်းမပေါ်တွင် ၃ နေရာတိုက်ပွဲဖြစ်ပြီး စစ်တပ်မှ ဒုဗိုလ် မှူးကြီး ၁ ဦး၊ ဗိုလ်မှူးတစ်ဦး ပါအဝင် ၂၀ ဦးသေဆုံးကာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ခရီး သည် ၃ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း ၊ P2 38 03 ထံမှ သိရသည်။

 

ဇွန်လ ၁၆ ရက် ညနေ ၄ နာရီ ၂၀ မိနစ်က မင်းလှမြို့နယ် ၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာသို့ အင် အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော ခလရ ၁ လက်အောက်ခံတပ်နှင့်ပျူပူးပေါင်း စစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့် အကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား များအထိနာ၍ နောက်ပြန်ဆုတ်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်း စစ် ဌာန၊ဗျူဟာ ၂၂ လက်အောက်ခံ တပ်ရင်းများဖြစ်သော သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း၊ သာယာ ဝတီခရိုင် အမှတ် ၁ တပ်ရင်း၏ တပ်ခွဲ ၆ – ဧရာညီနောင် PDF ၊ MDF (Special Force) နှင့် Asho Chin Defense Force (ACDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၁၆ ရက် ညနေ ၅ နာရီခန့်တွင် မင်းလှမြို့နယ်၊ ရန်ကုန် -ပြည်ကားလမ်းပိုင်းရှိ စစ်ကွင်းတာဆုံတွင် အထိုင်ချတပ်စွဲကာ ခရီးသွားပြည်သူများထံ မတရားဆက်ကြေးကောက်၊ ပေါ် တာဆွဲဖမ်းဆီးမှုများလုပ်ဆောင်လျက်ရှိသည့် ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

 

ထို့သို့ တိုက်နေစဉ် မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ပြီးနောက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ဆင်အိုင် ချောင်းပေါက်မှ တဆင့် စစ်ကူလာသော အင်အား ၂၅ ဦး ခန့်ပါ ဖောကား ၁ စီးကို ရှမ်းတောကျေးရွာ အနီးတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များမှ ပိတ်ဆို့တိုက်ခိုက်ရာ ကား ၁ စီးလုံး ပျက်ဆီးသွား ပြီး စစ်ကောင်စီတပ်သား ၁၅ ဦး ခန့် ထိခိုက် ဒဏ်ရာရရှိကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားနေစဉ် ပြည်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော အိမ်စီးကား ၁ စီးသည် တော် လှန်ရေးပူး‌‌ပေါင်းတပ်မှ တားစီးနေသည်ကို သတိမမူမိဘဲ ဆက်လက်မောင်းနှင်သွားသဖြင့် စစ်ကောင် စီတပ်၏ ပစ်ခတ်ခြင်း ခံရကာ ခရီးသည် ၃ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။

 

တော်လှန်ရေးပူး‌ပေါင်းတပ်ရဲဘော်များက ခရီးသည်တင် ကားများ၏ လုံခြုံရေးအတွက် သတိပေး ခြင်း၊ အကျိုးအကြောင်း ရှင်းပြခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲမှ ဇွန်လ ၁၇ ရက် နံနက် ၂ နာရီခန့်အထိ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖားလေးကွင်းကျေးရွာ ၊ မြောက်စု ရှိ ပြည်သူနေအိမ်‌ပေါ် သို့ ကျ ရောက် ပေါက်ကွဲကာ အသက် ၈၀ အရွယ် အဖွား ဒေါ်တင်ရီ သေဆုံးခဲ့ရပြီး တခြား အမျိုးသမီး ၁ ဦး လည်း ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ ၂ ရက်ဆက်တိုက် တိုက်ပွဲ ၃ နေရာ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ သာယာဝတီ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုဗိုလ်မှူးကြီး ဇော်မျိုးဝင်း၊ အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တစ်ဦးတို့အပါအဝင် စစ်သား ၂၀ ခန့်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ အပြင် စစ်သားများထံမှ ခဲယမ်းများ ၊ ဖုန်း ၂ လုံး နှင့် စကားပြောစက်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ် ဌာန၊ ဗျူဟာ ၂၂ လက်အောက်ခံ တပ်ရင်းများဖြစ်သော သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း၊ သာ ယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၏ တပ်ခွဲ ၆ – ဧရာညီနောင်PDF ၊ MDF (Special Force) နှင့် Asho Chin Defense Force (ACDF) မဟာမိတ် တပ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

သာယာဝတီခရိုင်အတွင်းရှိပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်၊ ရဲစခန်း၊ထွေအုပ်ရုံး၊ ရဲကင်းစခန်း၊ လမ်းပိုင်းကင်းစခန်းများအနီး ဆိုင်ခန်းဖွင့် ဈေးရောင်းခြင်း ၊ အိမ်ဆောက်နေထိုင်ခြင်း ၊ အချိန်ကြာမြင့် စွာ ရပ်တန့် စကားပြောခြင်းများ မပြုလုပ်ကြပါရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ နယ်မြေလုံ‌ခြုံရေးအတွက် လိုအပ်၍ ထုတ်ပြန်သော ထုတ်ပြန်ချက်များကို နားလည်ပေး၍ ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ပေါင်းတည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၈   ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။   ဇွန်လ ၁၆ ရက်...