Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၅

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အထူးကွန်မန်ဒို တပ်ရင်း – P29984 ထံမှ သိရသည်။

 

ဇွန်လ ၆ ရက် နံနက် ၂ နာရီတွင် ကျောက်ကြီးမြို့နယ် ၊ အုန်းပင်စုရွာ၌ အင်အား ၃၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက်ရန်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရွာအ တွင်းသို့ ဝင်ရောက်ခဲ့ကာ နံနက် ၂ နာရီ ၃၀ မိနစ်မှ စ၍ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲစတင် ဖြစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပြီး မိနစ် ၄၀ ခန့်ကြာမြင့်ချိန် ၃ နာရီ ၁၀ မိနစ်တွင် ကျေးရွာကို ထိန်းချုပ်နိုင်ခဲ့ပြီး စစ်သား အလောင်း ၈ လောင်းမျက်မြင်တွေ့ရှိကာ အများအပြားဒဏ်ရာရရှိ၍ ထွက်ပြေးသွား ကြောင်း၊ ယင်းတိုက်ပွဲအတွင်း နတ်သံကွင်းမြို့၊ ကျောက်ကြီးမြို့တို့ ရှိ စစ်ကောင်စီစခန်းများမှ လက် နက်ကြီးများဖြင့်ပစ်ကူပေးခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စခန်းအတွင်းမှ RPG 7 အမျိုးအစားသေနတ် ၁ လက်၊ MA11 အမျိုးအစား သေနတ် ၁ လက်၊ G3 ကျည် – ၅၈၀ တောင့်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ RPG ပို့ယမ်း – ၁၁ ခု၊ RPG အ သီး – ၉ လုံး၊ MA ခွင်းဗုံး – ၇ လုံး၊ လက်ပစ်ဗုံး – ၅ လုံး၊ ၁၄ မိုင်း – ၇ လုံး၊ ရှေ့ထွက်မိုင်း – ၃ လုံး၊ MA ကျည်ဘောက် ၃ ဘောက်၊ မိုင်းရှာစက် – ၁ လုံးနှင့် စစ်အသုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အထူးကွန်မန်ဒိုတပ်ရင်း မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အထူးကွန်မန်ဒိုတပ်ရင်းမှ ရဲဘော် ၁ ဦး၊ ပူးပေါင်းအဖွဲ့မှ ၃ ဦး စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

နတ်မောက်မြို့နယ်၊ လျော်တောင်ဘုန်းကြီး၌တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု လူသား ဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသော ကျောင်းသားတစ်ဦးကို ကယ်ထုတ်နိုင်   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လျော်တောင်ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသော ကျောင်းသားတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ ကြောင်း...