Bago News

Bago News

သဲကုန်းမြို့မှ ကား ၂ စီးထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၂

 

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ရုံးပင်တက်ကျေးရွာအနီးရှိ ဆည်မြောင်းရေလွှတ်ဘောင်ပေါ်တွင် စစ်တပ် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင်ပကဖထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်က သဲကုန်းမြို့မှ ကား ၂ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား ၅၀ ခန့်သည် ရုံးပင်တက်ကျေးရွာအနီး ဆည်မြောင်းရေလွှတ်ဘောင်ပေါက်သို့ တက်လာပြီးနောက် ဖိုခနောင့်ဆိုင်ထောင်ထားသော မိုင်းကွင်းအတွင်း ရပ်နားစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးနေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး ၁၁ ဦးအပြင်းအထန် ဒဏ်ရာရရှိကာ အများစုမှာသေဆုံးနိုင်ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို သဲကုန်းမြို့နယ်- ပကဖ အဖွဲ့နှင့် ပေါင်းတည်မြို့နယ်- ပကဖအဖွဲ့တို့  ပူးပေါင်း ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သဲကုန်းမြို့နယ် ပကဖ အဖွဲ့အနေဖြင့် ယခင်ကလည်း ပျူစောထီး သင်တန်းဆင်းပြီး ပြန်လာသော အဖွဲ့ကို တူးမီးဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးခဲ့သည်အထိ တိုက်ခိုက် ခဲ့ဖူးကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...