Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာထိပ်၌ တပ်စွဲထားသော ဂိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၀

 

ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာထိပ်၌ တပ်စွဲထားသော ဂိတ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Falcons Guerilla Force တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၀ ရက် နံနက် ၈ နာရီက ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာထိပ်၌ တပ်ဆွဲထားသော အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သားများ ဒဏ်ရာအများအပြားရရှိကာ ထွက်ပြေးသွား ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားပြီးနောက် စခန်းရှင်းလင်းစဉ် စစ်သား အလောင်း ၃ လောင်း၊ MA1 အမျိုးအစားသေနတ် ၁ လက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို Falcons Guerilla Force – စွန်ရဲ တပ်ဖွဲ့နှင့် KNLA တပ်ရင်း ၈ တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်မှု စစ်သား နှင့် ရဲ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်မှု စစ်သား နှင့် ရဲ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို အသင့် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ရဲ ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကျောက် လုံးကြီး KLG PDF တပ်ဖွဲ့ထံမှ သိရသည်။...