ပေါင်းတည်မြို့နယ်တွင် ရွာစဉ်လှည့်မီးရှို့နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ၁၁ ဦး သေဆုံး ပြီး ၆၀ မမ စိန်ပြောင်း ၂ လက်အပါအဝင် လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇွန်လ ၁၀
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ရွာစဉ်လှည့်မီးရှို့နေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီး ၆၀ မမ စိန်ပြောင်း ၂ လက်အပါအဝင် လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းထံ မှ သိရသည်။
ဇွန်လ ၃ ရက် နံနက် ၉ နာရီက ပေါင်းတည်မြို့နယ်၊ ညောင်နီပင်အုပ်စု၊ ညောင်နီပင်ရွာနှင့် မအူကွင်း ရွာကြားတွင် ပေါက်ခေါင်းမြို့နယ်အပိုင် ရွာများအား ရွာစဉ်လှည့်မီးရှို့ပြီး ပေါင်းတည်မြို့နယ် အပိုင် ညောင်နီပင်ရွာမှ ဆက်လက်ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာနေရာတင် ၁၁ ဦး သေဆုံးပြီး ၈ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်၊ MA1 အမျိုးအစား သေနတ် ၂ လက်၊ MA3 အမျိုးအစား သေနတ် ၆ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ MA1 ကျည် ဘောက် ၃ ဘောက်၊ MA3 ကျည်ဘောက် ၅ ဘောက်၊ G3 ကျည်ဘောက် ၂ ဘောက်၊ 5.56 ကျည် ၅၆ တောင့်၊ 7.62 ကျည် ၁၆ တောင့်၊ Icom ၁ လုံး၊ WY စိတ်ကြွဆေး ၁၅၀ ပြားနှင့် အခြားစစ် အသုံး ဆောင် ပစ္စည်း အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပြီးနောက် ညနေ ၃ နာရီ ၁၀ မိနစ်တွင် တောင်ငူလေတပ်မှ တက်လာသော Jet Fighter ၂ စီး ဖြင့်ဗုံးသီး ၆ လုံး ၊ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ပြည်မြို့ဘက်မှတက်လာသော စက်တပ်လေထီး ၂ စီး ဖြင့်ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ပေါက်ခေါင်းမြို့နယ်အပိုင် ကျေးရွာများဖြစ်သော သိုက် ချောင်းရွာ၊ ကွမ်းအုံစုရွာ၊ အိုင် စောက်ရွာ၊ မြေနီကုန်း၊ သဖန်းကိုင်းရွာ၊ ဒလမဲရွာ၊ မရိုးကျွန်းရွာနှင့် ပြန် ချီတက်ရွာများကို ရွာစဉ်လှည့်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေး နယ်မြေ ဗျူဟာ ၂၁ လက်အောက်ခံ ၃၆၀၁ တပ်ရင်း၊ ၃၆၀၂ တပ်ရင်း တပ်ရင်းရုံး၊ တပ်ခွဲ ၃ တပ်ခွဲ ၄ ၊ ပြည်ခရိုင် (ပကဖ) ၊ ရွှေတောင်(ပကဖ) ၊ ပေါက်ခေါင်း (ပကဖ) နှင့် ၃၈၀၁ တပ်ရင်း တပ်ခွဲ ၃ နတ်စစ်သည်အဖွဲ့နှင့် တပ်ခွဲ ၆ ဧရာညီနောင်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media