Bago News

Bago News

ကြို့ပင်ကောက်မြို့နယ်၊ ဗောဓိကုန်းကျေးရွာအုပ်ချုပ်ရေးမှူး မောင်ညိမ်း ပစ်ခတ်ခံရပြီး သေဆုံး၊ ၎င်းထံမှ လက်ပစ်ဗုံး ၂ လုံးသိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၉

 

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဗောဓိကုန်းရွာကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ညိမ်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးသွားပြီး ၎င်းထံမှ လက်ပစ်ဗုံး ၂ လုံးသိမ်းဆည်းရရှိခဲ့ကြောင်း BTZM GBK PDFထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၈ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အချိန် ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်း ဗောဓိ ကုန်းကျေးရွာ အနီးရှိ လယ်တောအတွင်း၌ စစ်မှုထမ်းဟောင်းလည်းဖြစ်၊ ပျူစောထီး ခေါင်းဆောင် လည်းဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူးမောင်ညိမ်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက် ခိုက်ခဲ့ခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော ကျေးရွာအုပ်ချုပ်ရေးမှူး မောင်ငြိမ်း ၂၀၂၂ ခုနှစ်ခန့်မှစ၍ ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ်စစ်ကောင်စီတပ်က ခန့်ထားခဲ့ကာ လက်နက်နှင့် လက်ပစ် ဗုံးများ ထုတ်ပေးထားကြောင်း၊ သေ ဆုံးချိန်တွင် လက်ပစ်ဗုံး ၂ လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသွားသော အုပ်ချုပ်ရေးမျူး မောင်ငြိမ်းသည် ကျေးရွာနေလူငယ်များကို စစ်မှုထမ်းပေါ်တာဆွဲ ခြင်း ၊ ပိုက်ဆံပေးနိုင်သည့် နေအိမ်များမှ ကျပ်သိန်း ၁၅၀ ၊ ၂၀၀ တောင်းခံကာ စစ်ကောင်စီတပ်အ တွက် ကူညီထောက်ပံ့ခြင်း၊ ကျေးရွာနေပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နှိပ်စက်နေသူ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့မှက လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေသော စစ်သားများ ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေသော စစ်သားများ ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေ သော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ထံမှသ...