ကြို့ပင်ကောက်မြို့နယ် ပိတောက်မြိင်ရွာသို့ ဝင်ရောက်ပေါ်တာဆွဲသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ ပေါ်တာဆွဲခံရသည့် ပြည်သူ ၂ ဦးကိုလည်း ထွက်ပြေးလွတ်မြောက်
သံလွင်မြန်မာသတင်း
ဇွန်လ ၄
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပိတောက်မြိုင်ရွာသို့ ဝင်ရောက်ပေါ်တာဆွဲသည့် အကြမ်းဖက် စစ် ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ပေါ်တာဆွဲခံရသည့် ပြည်သူ ၂ ဦး လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း Yoma GBK PDF တပ်ဖွဲ့ထံမှ သိရသည်။
ဇွန်လ ၁ ရက် နံနက် ၈ နာရီခန့်က ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာမှ အင်အား ၈၀ ခန့်ဖြင့် ကြို့ပင် ကောက်မြို့နယ်၊ ပိတောက်မြိုင်ရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းက မိုင်းကွင်းနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ရှောင်ကွင်းလှည့်ပတ်ထွက်ကာ စစ်ကြောင်းနေခဲ့ ကြောင်း သိရသည်။
“ဇီးကုန်း၊ ဘော်ဘင်ကျေးရွာက ပျူစောထီးရွာ၊ စစ်တပ်နဲ့ပေါင်းပြီး တပ်စွဲထားတာ၊ ကြာပြီ၊ အဲဒီက နေ ကျနော်တို့ ပိုင်တဲ့ ကြို့ပင်ကောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်တာ၊ အဲဒီ ၁ ရက်နေ့တနေ့လုံး မိုင်းကွင်းရှိတဲ့နေရာတွေရော ကျနော်တို့တပ်ဖွဲ့ရှိတဲ့နေရာတွေရော ရှောင် ကွင်းပတ်သွားနေတာ၊ မိုင်းကွင်မရှိပဲ ဘော်ကင်ဆယ်ဘောင်ပေါ်တက်လာ၊ အဲဒီမှာ မိုင်းဆွဲလိုက် တယ်၊ ဘော်ဘင်ရွာနဲ့ ပိတောက်ရွာအကူးနားမှာပေါ့၊ အဲလိုမိုင်းဆွဲလိုက်တော့ စစ်ကြောင်းက ရပ်တန့် သွားတယ်၊ ၂ ရက်နေ့မနက်မှာ ပိတောက်မြိုင်ရွာထဲကိုဝင်ပြီး ပြည်သူအမျိုးသား ၂ ဦးကို ပေါ်တာဆွဲ တယ်။ ညနေပိုင်းမှာ ပြန်ထွက်လာတယ်။ စစ်ကြောင်းထဲမှာလည်း ပေါ်တာဆွဲခံရတဲ့ပြည်သူ ၂ ဦးပါ လာတယ်။ ပိတေက်မြိုင်ရွာက ပြည်သူ ၂ ဦးပေါ့၊ ကျနော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ အဲဒီနှစ် ယောက်က လွတ်သွားတယ်။ အဲဒီနှစ်ယောက်လွတ်သွားတယ်။၁ ရက်နေ့တိုက်ပွဲကတော့ ဒဏ်ရာရ တာလောက်ပဲရှိမယ်၊ ၂ ရက်နေ့တိုက်ပွဲမှာပဲ မိုင်းထိထိမိမိဆွဲမိတာ။” ဟု Yoma GBK PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီး ၆ ဦးသေဆုံးကာ ၁ ဦးအပြင်းအထန် ဒဏ် ရာရရှိခဲ့ပြီး သေဆုံးဒဏ်ရာရ စစ်သားများကို အမိအရ ဆွဲထုတ်သွားကာ ဇီးကုန်းမြို့နယ်၊ ဘော်ဘင် ကျေးရွာအတွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၇၀၁ တပ်ခွဲ ၂ – BTZM GBK PDF ၊ ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့ တပ် ရင်း ၃၈၀၁ တပ်ခွဲ ၁ – YOMA GBK PDF တပ်ဖွဲ့ နှင့် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ Dragon Brothers တပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media