တောင်ငူမြို့နယ်၊ ဒိုးနယ်ရွာတောင်ခြေ၌ စစ်တပ်က ပြည်သူ ၂ ဦးကို လူမဆန်စွာရက်နှိပ်စက် သတ် ဖြတ်ပြီး နေအိမ်နှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီး
သံလွင်မြန်မာသတင်း
မေလ ၃၀
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဒိုးနယ်ရွာတောင်ခြေ၌ အကြမ်းဖက်စစ်တပ်က ပြည်သူ ၂ ဦးကို လူမဆန် စွာ နှိပ်စက်သတ်ဖြတ်ပြီး ပြည်သူပိုင်နေအိမ်နှင့်ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေတာရှည် မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ တပ်ခွဲ ၁ ထံမှ သိရသည်။
မေလ ၂၈ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က တောင်ငူမြို့နယ်၊ လိပ်သို -တောင်ငူလမ်းပိုင်း၊ ထုံးဘိုကြီး ကျေးရွာမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ပြည်သူ ၃ ဦး ကို ဓားစာခံဖမ်းဆီးကာ ဒိုးနယ်ရွာတောင်ခြေကွန်ကရစ်လမ်းအတိုင်း စစ်ကြောင်းထိုးလာခဲ့ပြီး လမ်းထိပ်တွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ရဲဇော် နှင့် အသက် ၃၃ နှစ်အရွယ် ကိုဖိုးလုံး တို့ကို ဖမ်းဆီး၍ လူမဆန်စွာ ရက်ရက်စက်စက်လူမဆန်စွာ နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်သူ့နေအိမ် ၁ လုံး၊ ဆန်အိတ် အလုံး ၃၀ ကျော်ခန့် နှင့် အသတ်ခံခဲ့ရသည့် ပြည်သူတို့ ပိုင်ဆိုင်သော ကယ် ၂ စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထုံးဘိုကြီးကျေးရွာ ဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။
“အသတ်ခံရတဲ့ ပြည်သူ ၂ ဦးအလောင်းကဲ ကျနော်တို့ ရပါတယ်။ ဖမ်းခံရတဲ့ ပြည်သူ ၃ ဦး သတင်း တော့မရပါဘူး။ အလောင်းတွေကို အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပါတယ်။ စခတွေက ထုံးဘိုကြီး ရွာဘက်ကို ပြန်တက်သွားတာပါ” ဟု ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ တပ်ခွဲ ၁ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခံထားရမှုနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရသည်ကို ရေ တာရှည်မြို့နယ်အခြေစိုက် တပ်ရင်း ၃၅၀၄ တပ်ခွဲ ၁ ရဲဘော်များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက် စဉ် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းများကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ရေးအရ ရှုံးနိမ့်နေသည့်အတွက် ပြည်သူများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်တိုက်ကျူးလွန်နေခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်တပ် စစ်ကြောင်းသတင်းများကို နားစွင့်ကာ ရှောင် တိမ်းနေထိုင်ပေးကြပါရန် တပ်ရင်း ၃၅၀၄ တပ်ရင်း၊ တပ်ခွဲ ၁ က မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media