Bago News

Bago News

ကျောက်ကြီးမြို့၊ တောင်စုရွာကို ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မေလ ၂၈

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ တောင်စုရွာကို ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦးအရှင် ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Falcons Guerilla Force ထံမှ သိရသည်။

 

မေလ ၁၉ ရက်နေ့တွင် ကျောက်ကြီးမြို့ အနီး တောင်စုကျေးရွာအတွင်းသို့ ဝင်ရောက်လာသော အ ကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦးကိုလည်း အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အင်အားက ၂၀၀ ဝင်းကျင်နဲ့ စစ်ကြောင်းထိုးလာတာပါ၊ မိုးမကျခင် နေရာအထိုင်ချဖို့ PDF တွေ သိမ်ပိုက်ထားတဲ့ နေရာတွေကို ပြန်လိုချင်နေတာဖြစ်မယ်။ ပြည်သူတွေအနေနဲ့ သတိရှိနေကြဖို့ပြော ချင်ပါတယ်”ဟု Falcons Guerilla Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို FALCONS (စွန်ရဲ) တပ်ဖွဲ့ ၊ KLNA တပ်ရင်(၈) တပ်ရင်း(၉) ၊ PDF တို့က ပူး ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာသွားပြီး တော် လှန်ရေးတပ်ဖွဲ့ဝင်များက တောင်စုကျေးရွာကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

မင်းတုန်းမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူစားသောက်နေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရင်း PDF ရဲဘော် တစ်ဦး ကျဆုံး   သံလွင်မြန်မာသတင်း မေလ ၃၀   မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူစားသောက်နေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရင်း PDF ရဲဘော် လှိုင်ဘွား...