လက်ပံတန်းမြို့နယ်တွင် PDF တပ်ဖွဲ့များကို ဂရုမစိုက်ဟု စိန်ခေါ်ကာ လူငယ်များကို စစ်တပ်အတွင်း အတင်းအကြပ်ထည့်သွင်းနေသူ ပျူခေါင်းဆောင်ထွန်းထွန်း ပစ်ခတ်ခံရပြီးသေဆုံး
သံလွင်မြန်မာသတင်း
မေလ ၂၈
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် PDF တပ်ဖွဲ့များကို ဂရုမစိုက်ဟု စိန်ခေါ်ကာ လူငယ်များကို စစ်တပ်အတွင်း အတင်းအကြပ်ထည့်သွင်းနေသေူ ပျူခေါင်းဆောင် ထွန်းထွန်းကို ပစ် ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က ထုတ်ပြန် သည်။
ယမန်နေ့ မေလ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က လက်ပံတန်းမြိုနယ်၊ ပုတိမ်စုအုပ်စု၊ ပုတိမ်စုရွာနေ ပျူခေါင်းဆောင် ရာအိမ်မှူး ထွန်းထွန်းသည် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်မှ နေအိမ်သို့ ခြေလျင် ပြန်လာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ ရဲဘော်များက စောင့်ကြို၍ ဦး ခေါင်းတည့်တည့် သေနတ်ဖြင့် ၃ ချက် ပစ်ခတ် ရှင်းလင်းခဲ့ရာနေရာမှာပင်သေဆုံးသွားကြောင်း၊ ၎င်း ထံ ဆက်သွယ်ထားသည့် မိုလ်ဘိုင်းဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိသည်။
သေဆုံးသွားသော ရာအိမ်မှူး ထွန်းထွန်း သည် စစ်ကောင်စီ လက်အောက်ခံ ပျူခေါင်းဆောင်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများအား စုံစမ်းထောက်လှမ်း၍ စစ်တပ်ထံ သတင်း ပေးခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် ဖိအားပေးလူစုခြင်း၊ စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများ ထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံပြီး ကောက်ခံငွေ မပေးသူများအား စစ်တပ်ခေါ် ဖမ်း ဆီးခိုင်းခြင်း၊ စစ်တပ်ထံ မမှန်သတင်းပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေးတပ် ဖွဲ့များအား ဂရုမစိုက်ဘူးဟု စိန်ခေါ်ပြီး လူငယ်များအား စကစတပ်ထဲ အတင်းအကြပ် ထည့်သွင်း ခြင်းတို့ လုပ်ဆောင်နေသည့် အတွက် အရေးယူရခြင်းဖြစ်ကြောင်း အသိပေးထားသည်။
သာယာဝတီခရိုင်တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲများကို ဒုက္ခပေး နေ ကြသည့် စစ်ကောင်စီနှင့် စစ်ကောင်စီ ထောက်တိုင်များအား အရှိန်မြင့် တိုက်ခိုက်သွားမည် ဖြစ် သောကြောင့် ပြည်သူများအနေဖြင့် ၄င်းတိုအနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြ ရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။
Thanlwin Myanmar Media