အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး စစ် ကူယူကာ သေဆုံးစစ်သားအလောင်းများနှင့်အတူ ဆုတ်ပြေး
သံလွင်မြန်မာသတင်း
မေလ ၂၇
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင်၊ ထန်းပင်ကုန်းကျေးရွာ၊ ဗိုလ်ရုံစုတွင်တပ်စွဲထား သော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး စစ်ကူယူကာ သေဆုံး စစ်သားအလောင်းများနှင့်အတူ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။
ယမန်နေ့ မေလ ၂၆ ရက် နံနက် ၆ နာရီခန့်က အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ ထန်းပင်ကုန်း အုပ်စု၊ ထန်းပင်ကုန်းကျေးရွာ၊ ဗိုလ်ရုံစု၌ အင်အား ၃၀ကျော်ဖြင့် အထိုင်ချ တပ်ဆွဲထားသည့် အကြမ်း ဖက် စစ်ကောင်စီတပ်စခန်းကိုသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖိုမှ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီ ၃၀ မိနစ်ခန့်ကြာ မြင့်ခဲ့ပြီး နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ခမရ ၆ တိမ်မြုပ်တပ်မှ စခန်းလက်မလွတ် ရရေးအတွက် လက်နက်ကြီးများ ပစ်ကူပေးခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ဘေးကင်းစေရန် အနည်း ငယ် နောက်ဆုတ်ပေးလိုက်ရသည်ဟု ဆိုသည်။
ညနေ ၅ နာရီခန့်တွင် ယင်းအကြမ်းဖက်စစ်တပ် စခန်းအား ထပ်မံတိုက်ခိုက်ခဲ့ရာ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ၁နာရီ ၃၀ မိနစ်ခန့်ကြာပြီး စစ်ကောင်စီတပ်သားများ အထိနာကာ သေဆုံးစစ်သားအလောင်း ၈ လောင်းကို သယ်ဆောင်ကာ စခန်းစွန့်ခွာထွက်ပြေးသွား ကြောင်း သိရသည်။
ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စခန်းအတွင်းမှ ၆၀ မမ အသီး ၁၂ လုံး၊ လက်ပစ်သီး ၅ လုံး၊ ၅.၅၆ ကျည် ၃၀၀ တောင့်၊ အီနာဂါပို့ ကျည် ၅ တောင့်၊ တူမီး ၁ လက်၊ ဆန် ၂ အိတ်၊ စားဆီ ၁ ပုံး၊ ဖိနပ် ၂ ရံ၊ အီကွေ့မန့် ၃ ခု၊ ဘောင်းဘီ ၂ ထည်၊ ဦးထုပ် ၃ လုံး သိမ်းဆည်းရရှိခဲ့ကာ စခန်းအား မီးရှိရှင်းလင်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media