Bago News

Bago News

အုတ်ဖိုမြို့နယ်၊ တစ်အိမ်လျှင် စစ်မှုထမ်းကြေး ၃ သိန်းကျပ်တောင်းခံပြီး မပေးနိုင်သူများကို စစ်တပ် ခေါ်ဖမ်းခိုင်းနေသည့် အုပ်ချုပ်ရေးမှူး သန်းလွင် ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၂၂

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်၊ တစ်အိမ်လျှင် စစ်မှုထမ်းကြေး ၃ သိန်းကျပ်တောင်းခံ ပြီး မပေးနိုင်သူများကို စစ်တပ် ခေါ်ဖမ်းခိုင်းနေသည့် အုပ်ချုပ်ရေးမှူး သန်းလွင် ပစ်ခတ်ခံရပြီး သေ ဆုံးကြောင်း ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၂၀ ရက်နေ့က အုတ်ဖိုမြို့နယ်၊ လွှဇင်အုပ်စု၊ မျောက်ချောကုန်းရွာ အုပ်ချုပ်ရေးမှူး သန်းလွင်ကို သာလိကာနှင့် ဂွေးချောင်းကြီးအနီး ကားလမ်းမပေါ်တွင် သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း ၊ တပ် ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။

ထို့သို့ ပစ်ခတ်ရှင်းလင်းပြီးနောက် ခြောက်တစ်ကွင်းလမ်းပေါ်သို့ စစ်ကောင်စီတပ်သားများ ရောက်ရှိ လာ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သန်းလွင်သည် ကျေးရွာနေ ပြည်သူများအပေါ် စစ်မှူထမ်းကြေး ဟုဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် ၃ သိန်းပေးရန် တောင်းခံခြင်း၊ မပေးနိုင်သည့် ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းစီးခိုင်းခြင်း၊ PDF ရဲဘော်များ၏ သတင်းနှင့် ထောက်ပို့များ၏သတင်းကို လိုက်လံ စုံစမ်းကာ စစ်တပ်ပေးပို့ခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း အသိပေးထားသည်။

 

သာယာဝတီခရိုင်တပ်ရင်း ၁ ၊ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ပြည်သူ လူထုအပေါ် အနိုင်ကျင့်ခြင်း၊ စစ်မှုထမ်းစေခိုင်း၊ ဆက်ကြေးကောက်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့လုပ် ဆောင်နေသော အုပ်ချုပ်ရေးမှူးများကို မည်သည့်နေရာ၌ မဆို သုတ်သင်ရှင်းလင်းသွားမည်ဖြစ် ကြောင်း၊ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများ၊ ထောက်တိုင်များ၊ အုပ်ချုပ်ရေးမှူးများ အနီး သွားလာနေထိုင်ခြင်းမပြုကြပါရန် ထုတ်ပြန်တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mon State News

Mon State News

သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၁   မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က...